အပိုင်း(၃)

Start from the beginning
                                    

စားသောက်ဆိုင်က အိမ်ချက် ထမင်းဟင်းတွေ ရောင်းတယ်။ ပြီးတော့ ကျောင်းသားတွေကလဲ များသောအားဖြင့် ထမင်းတစ်ပွဲနဲ့ အရံဟင်းနှစ်မျိုးလောက်ကို မှာကြတယ် ကျောင်းကန်တင်းမှာလိုပေါ့။ ကျောင်းကအခုမှ ဆင်းတာဆိုတော့ ဆိုင်သေးသေးလေးထဲမှာ ကျောင်းသားတွေအများကြီးရှိနေတယ်။

အဖေချောင်က ချက်ပြုတ်တဲ့နေရာမှာတာဝန်ယူပြီးတော့ အမေချောင်ကတော့ စားပွဲထိုးတာဝန်ယူထားတယ်။ ချောင်လန်က ချောင်ယွမ်နောက်ကို လိုက်လာပြီး အနောက်ဘက်မီးဖိုချောင်ထိ လိုက်လာတယ်။ ချက်ပြုတ်နေတဲ့ အဖေချောင်က သူ့သားလေးရဲ့ ဝဖြိုးနေတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ ပါးစပ်နားရွက်ချိတ်လောက်လောက်ကို ပြုံးလာတယ်။ " ယွမ်အာလေးပြန်လာပြီလား "

သူက သူ့သားလေးကို ကျောင်းမှာ ဘယ်လိုလဲ ဆိုတဲ့မေးခွန်းတွေအများကြီး မေးပြီးတဲ့နောက်မှာမှ ချောင်လန်ကို သတိထားမိတယ်။ သူမရဲ့ ဖြူဖျော့နေပြီး အာဟာရမပြည့်ဝတဲ့ မျက်နှာကိုလဲ မြင်လိုက်ရော သူ့အပြုံးတွေက ချက်ချင်းကို ပျောက်ကွယ်သွားတော့တယ်။

" နင်အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ ဆိုင်ထဲမှာ ဒီလောက်လူတွေအများကြီးရှိနေတာ မြင်ရဲ့သားနဲ့ သွားမကူညီသေးဘူးလား။ နင့်ရဲ့ မျက်လုံး နှစ်လုံးက ငါ့ကို ပြူးပြဲကြည့်ဖို့ပဲ အသုံးဝင်တာလား။ "

ချောင်လန်က အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ အခုအချိန်မှာ ဆိုင်လေးထဲမှာ ကျောင်းသား​တွေ အများကြီး ရှိနေတယ်။ သူမ စက္ကန့်အနည်းငယ်လောက် ငြိမ်သွားပြီးတော့ အပြင်ကိုထွက်လာတယ်။ သူမရဲ့ ကျောင်းလွယ်အိတ်လေးကိုချပြီး ချောင်အမေ ဟင်းပွဲတွေချပေးနေတာကို သွားကူလိုက်တယ်။

ချောင်လန်က ဒီလိုအလုပ်မျိုးကို လုံးဝမမှုပါဘူး။ သူမအရင်ဘဝတုန်းကလဲ ကျောင်းလခ တွေ စုဖို့ရာအတွက် သူမ အလုပ်ပေါင်းစုံ လုပ်ခဲ့ဖူးတယ်။

သူမ ချက်ပြီးတဲ့ ဟင်းပွဲတွေကို အရှေ့ကိုယူလာတယ်။ ပြီးတော့ ဧည့်သည်တွေစားပြီးသွားရင် ပန်းကန်ပြားတွေကို အနောက်ကို ပြန်သယ်လာတယ်။ သူမ မီးဖိုချောင်ထဲကို ပြန်ဝင်လာတော့ အဖေချောင်က ဟင်းသုံးပွဲကို မြန်မြန်ချက်ပြီး ချောင်ယွမ်ရဲ့အရှေ့မှာ ချပေးလိုက်တာကို တွေ့လိုက်တယ်။ အသားဟင်းနှစ်ပွဲနဲ့ အရွက်​ကြော်တစ်ပွဲ ။ ဟင်းပွဲတွေက သန့်ရှင်းနေတာပဲ။ ကျောင်းသားတွေကိုရောင်းတဲ့ ဆီတွေများပြီး ချွဲကျိနေတဲ့ ဟင်းပွဲတွေနဲ့စာရင် ဒီဟာတွေက အရည်အသွေးပိုကောင်းတယ်ဆိုတာ ပြောစရာတောင်မလိုဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now