အလုပ်သင်ရဲ့အကူလေး

Start from the beginning
                                    

ဂျက်ဆင်ကိုခေါ်သွားပြီး တံခါးပိတ်ခံနီးမှာ ချစ်က

"မိချီ...ပြဿနာတော့မရှာနဲ့နော် အလုပ်ကိုအလုပ်လိုလုပ်...''

ချစ်ကြည့်ရတာ စိုးရိမ်နေသလိုပဲ နောက်မျက်နှာကလဲ မသက်မသာကြီး...
တံခါးပိတ်လိုက်ပြီး ကိုယ့်နေရာစီပြန်သွားလိုက်တယ်

ချစ်တို့ရုံးက အရမ်းကျယ်တယ်​ပြောရမယ် ရုံးခန်းတွေလဲအများကြီး... ငါလေးအလုပ်လုပ်တဲ့နေရာကတောင် နှစ်မျိုးရှိတယ်.. သင်တန်းသားတွေစာရင်းတို့ဘာတို့နဲ့ SK အလှကုန်ပစ္စည်းစာရင်းဆိုပြီး

နောက်ဋ္ဌာနအမျိုးစားတွေလဲအများကြီးရှိသေးတယ်... ငါလေးရုံးခန်းက၅လွှာမှာ ချစ်ကရုံးခွဲကိုအုပ်ချုပ်ရတဲ့CEOပေါ့...ရုံးခွဲတွေကတော့ နိုင်ငံတော်တော်များများမှာကိုရှ်ိတာ

၅ထပ်ကိုရောက်တော့... ဓာတ်လှေကားထဲက​နေထွက်ပြီး ရုံးခန်းဆီလမ်းလျှောက်နေတုန်း

"Wow...တော်တော်စနစ်ကျသား... စာရင်းနဲ့ဆိုင်တဲ့အပိုင်းတောင် အခန်းတွေနဲ့ခွဲထားတာပဲ..''

ဟုတ်တယ်...စာရင်းနဲ့ပတ်သတ်တာတူပေမဲ့ အခန်းတွေရဲ့ အပြင်မှာ...

ထုတ်ကုန်စာရင်း သွင်းကုန်စားရင်း သင်တန်းသားစာရင်း ဆရာများစာရင်းဆိုပြီးချိတ်ထားတယ်...ကိုယ်တာဝန်ကျတဲ့အပိုင်းမဟုတ်ရင်ဝင်လို့မရဘူး လက်ဗွေစနစ်နဲ့လုပ်ထားတာ​​ကြောင့်

ငါလေးက သင်တန်းသားတွေစာရင်းကို လုပ်ရ​ပြီး မမသီတာက ဒီဋ္ဌာနရဲ့ ကြီးကြပ်ရေးမှူး သူကအကြီးဆုံးပဲ

အခန်းထဲကို ဂျက်ဆင်က ဝင်လို့မရသေးတော့ ကိုယ်ပဲအရင်ဝင်ပြီး မမသီတာကိုပြောပြရတယ်...အဲ့​တော့မှ သူ့လက်ဗွေကိုထည့်လိုက်ပြီးတော့ ကိုယ့်နားကခုံနားမှာသွားထိုင်နေပြီ

"ချီလေးရေ..အဲ့ကောင်လေးကချောလိုက်တာဟယ် နင်တော့ပွတာပဲ..''

"မမသီတာရယ်... လာနောက်နေတယ်..''

"အတည်ပြောတာဟ... ရုပ်ကလေးကလဲဟယ် သန့်လိုက်တာမှ... အလုပ်သာလာလုပ်တာ သူဋ္ဌေးသားရုပ်လေး..''

"မမသီတာ...သူ့ကိုမသိဘူးလား...''

"အမ်...မသိဘူး ချီလေးအသိလား..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now