အပိုင်း (၁)

Start from the beginning
                                    

" မင်းဘာလို့ မစောင့်ဘဲနဲ့ နေရာကနေ ရွေ့လိုက်ရတာလဲ။ "

နောက်ဆုံးမှာတော့ ချောင်လန်အရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးက အနောက်လှည့်ပြီး အဲ့ကောင်လေးကို ပြောလိုက်တယ်။ " ချင်းယန်ရယ် ကျေးဇူးပြုပြီး တော်ပါတော့ဟာ။ "

အဲ့ကောင်မလေးရဲ့အသံက ချိုပြီး သာယာနေတာပဲ။ ပြီးတော့ ချောင်လန်ကလဲ နဲနဲ စိတ်ရှုပ်သွားတယ်။ ချောင်လန် သူမကို မသိလိုက် မသိဘာသာဘဲ ချောင်းကြည့်နေတာ အခုတော့ ဘာမှဂရုမစိုက်ဘဲ ဒီအတိုင်းကြည့်လိုက်တယ်။

ကောင်မလေးမှာ ဖြူဝင်းတဲ့အသားအရေရှိပြီး နူးညံ့တဲ့သွင်ပြင်ရှိတယ်။ ကျောင်းယူနီဖောင်းလေးဝတ်ထားပြီး ဆံပင်ကို ခပ်မြင့်မြင့် ponytail လေးစည်းထားတာတောင် အရမ်းလှနေတာပဲ။ အထူးသဖြင့် သူမရဲ့ မျက်လုံးအကြီးကြီးတွေက အရမ်းကို ထင်းနေတာပဲ။ သူမက အရုပ်လေးလိုပဲ။

ချောင်လန့်အရှေ့မှာတုန်းက စိတ်မရှည်ဖြစ်နေတဲ့ ကောင်လေးက အခုတော့ ချက်ချင်းကို နေမင်းကြီးလို တောက်ပသွားတယ်။ " ဟုတ်ပါပြီ " သူကပြောပြီး ချောင်လန်ဘက်ကို ပြန်လှည့်လာပြီး ဂရုမစိုက်တဲ့အပြုံးပြုံးပြလိုက်တယ်။ " ငါတို့က ခုနက ကစားနေကြတာပါဟ။ ဟုတ်တယ်မလား။ ဒါနဲ့ ချောင်လန် ဒီနေ့အတွက် ချိုချဥ်တွေကဘယ်မလဲ။ "

ချိုချဥ်?

" ဘာချိုချဥ်လဲ "

" ချိုချဥ်ပါဆို နင်အခုထိ အိပ်နေတုန်းလား "

ချင်းယန်က စကားပြောရင်း ချောင်လန့်နားကို ကပ်လာတယ်။ ပြီးတော့ ချောင်လန့်စားပွဲခုံအောက်က အကန့်ထဲကို လက်နှိုက်လိုက်တယ်။

ဘယ်လိုပဲ သူငယ်ချင်းအရင်းကြီးတွေဆိုရင်တောင် သူမရဲ့ စားပွဲခုံထဲကို ဒီလိုမျိုးကြီးလာနှိုက်တာကတော့ အဓိပ္ပာယ်မရှိဘူးလေ။ ပိုဆိုးတာက သူမက ဒီကောင်လေးကို သိတောင်မသိဘူး။ ချောင်လန်က သူ့ရဲ့ လက်ကို ဆွဲလိုက်ပြီး စိတ်မရှည်စွာ​မေးလိုက်တယ်။ " နင်ဒါဘာလုပ်တာလဲ "

ချင်းယန်က သူ့လက် အတားခံရတော့ ခဏလောက်ကြောင်သွားတယ်။

အားလုံးက ချောင်လန့်ကို အထင်သေးကြတယ်။ ပြီးတော့ ဘယ်သူကမှလဲ သူမကို အဖတ်မလုပ်ကြဘူး။ စုန့်ယောင်ယောင်က ချောင်လန်ကို သူမနဲ့တူတူအမြဲခေါ်လာတယ်။ ပြီးတော့ ချောင်လန်က သူတို့အတွက် ချိုချဥ်နဲ့ရေ အချိန်တိုင်းလိုလိုဝယ်ပေးရတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now