💜 Extra - 1 💜

67K 6.3K 396
                                    

Unicode....
>>>>>>>>

.
.

နောက်တစ်နေ့မနက်...

နှစ်တွေကြာညောင်းပြောင်းလဲသွားသည့်တိုင်း သူ့ကလေးငယ်ရဲ့အပေါ်မှာထားတဲ့ ဦးဇိုင်းနှလုံးသားထဲကအချစ်က ​ယိုဖိတ်စင်မသွားခဲ့သလို ဒီကလေးငယ်ရဲ့နုပြိုခြင်းနဲ့အချစ်တွေဟာလည်း ဦးဇိုင်းအပေါ်အားကိုးမှု့နဲ့ထပ်တူမပြောင်းလဲခဲ့ချေ။

ငယ်ရွယ်စဥ်အချိန်ကနို့နှစ်ရောင်ဆံပင်လေးကအခုခါမှာ အနက်ရောင်ဆေးဆိုးကူထားတာမို့ ရုပ်ရင့်သွားခြင်းမရှိစေတဲ့အပြင် ထင်ပေါ်စွာဖြူဖွေးတဲ့အသားရည်ကြောင့် ပို၍ပေါ်လွင်နေခဲ့သည် ။ ဘုရားကပေးတဲ့ဆုလာဒ်တစ်ခုအနေဖြင့် ဦးဇိုင်းတို့နှစ်ယောက်လုံးဟာ သားနှစ်ယောက်လုံး အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အချိန်ထိတွေ့မြင်နေခဲ့ရပြီး အခုထိလည်း ခန္တာရယ်အားဖြင့် ပြိုလဲကျခြင်းမရှိသေးချေ ။ အရင်ကတည်းကအခုချိန်ထိ အားကစားလိုက်စားတဲ့အကျိုးဟာ ဦးဇိုင်း အသက်ကြီးနေတဲ့အချိန်မှာတောင် ခန့်ငြားတဲ့ချောမောမှု့နဲ့ ခန္တာကိုယ်တည်ဆောက်ပုံကျန်ရှိနေသေးသည် ။

လက်မောင်းပေါ်မှာ အိပ်နေဆဲ့ ကလေးငယ် ဟာ ဦးဇိုင်း ရဲ့ ပင်မအသက်ကြောလေး ။

ဦးဇိုင်း သည် သူ့ကလေးငယ်အား ခါးကနေပွေ့ဖက်ကာပြုံးမိသည် ။ ဒီလိုမနက်ခင်းတိုင်းကို နှစ်လောက်အများကြီးဖြတ်သန်းခဲ့ပြီးရင်တောင် ဦးဇိုင်းအတွက်ကတော့ သဘောကျနေမိတုန်းပဲ ။

' အင်းး .. Daddy '

' ပါးပါးလေး နိုးပြီလား '

' ဟုတ် '

ပြောင်းလဲလာတဲ့အသက်အရွယ်အလိုက် ဦးဇိုင်း နဲ့ ကလေးငယ်ရဲ့အခေါ်ဝေါ်လေးတစ်ခုလည်းရှိလာခဲ့သည် ။ တစ်ခါတလေမှ ကိုကို နဲ့ ကလေး ဆိုတဲ့အသုံးနှုန်းမျိုး ခေါ်ကြပေမယ့် များသောအားဖြင့် သားနှစ်ယောက်ခေါ်သည့်အတိုင်းသာ Daddy နဲ့ ပါးပါး လို့သာ သုံးကြတော့သည် ။

မနေ့က နှိုင်းလေး Wedding မှာ အအေးပတ်သွားတယ်ထင်တယ်.. ဒီနေ့မနက်မှာ သုသု ခေါင်းကိုက်ကာချမ့်စိမ့်စိမ့်ခံစားနေရတာမို့ သူ့ရဲ့အားကိုးရတဲ့ချစ်ယောက်ကျားရင်ခွင်ထဲတိုးဝင်ကာ မှေးနေသည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now