💜 S3 EP - 19 💜

99K 7.7K 1K
                                    

ရှိုင်းထက်အောင် သည် မနေ့ညက နှိုင်း အငြင်းကိုခံလိုက်ရပေမယ့် သူဇွဲမလျှော့သေးဘူး .. နှိုင်းသုတ ဆိုတဲ့ချစ်စရာကောင်းပြီး ဖြူစင်တဲ့ကောင်လေးကိုလက်လွတ်ပြီး ထွက်သွားခွင့်ပေးလိုက်ရအောင် သူကအရူးလဲမဟုတ် ။

နှိုင်း အကြောင်းကို အားလုံးက အကြာကြီးခင်မင်လာတဲ့ သူကအသိဆုံး .. နှိုင်း ဟာ သူ့ဘေးကကောင်ကိုချစ်တယ်ဆိုတာ အဲ့ကောင်အကြောင်းကိုသေချာမသိသေးလို့ပဲ .. တစ်နေ့မှာ အဲ့ကောင်ရဲ့မကောင်းတဲ့အချက်တွေကိုသိခဲ့ရင် နှိုင်း ဆက်ချစ်နေမယ်ဆိုတာ သေချာလား ?

ဒါ့အပြင် မနေ့ညက အဲ့ကောင်က နှိုင်း နဲ့ သူ့ကိုအထင်လွှဲပြီးအကြီးကျယ်ပေါက်ကွဲသွားတာမို့ ဒီအခြေနေမှာ ရှိုင်းထက်အောင် ဘာလုပ်ရမလဲဆိုတာ ကိုယ်တိုင်သိသည်လေ ။

သူ့အတွေးနဲ့သူ ဟန်ကျကာ ပြုံးရယ်လာပြီး ကားမောင်း၍ ထွက်လာခဲ့သည် ။

မနေ့ညက ကားကျန်ခဲ့တဲ့ နှိုင်း ကို ဒီနေ့မှာ ရှိုင်းထက်အောင် ကိုယ်တိုင် ပြန်လာပေးခြင်း ။ ဒီလိုကနေ ရှိုင်းထက်အောင် က နှိုင်း ဆီက အမှတ်ယူဖို့ စဥ်းစားထားပြီးသား ။

အငြင်းခံရလို့ဝမ်းနည်းတာလား No ပါ .. နှိုင်း ကိုချစ်ခွင့်ပန်ကတည်းက အငြင်းခံရနိုင်ခြေကိုပါထည့်တွက်ထားပြီးသားမို့ အရမ်းမခံစားရပါသို့သော် .. နှိုင်း ရင်ထဲမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့စကားကသာ ရှိုင်းထက်အောင် ကို ပေါက်ကွဲကာ သွေးဆူစေသည် ။

အတွေးတွေနဲ့ ကားမောင်းလာတာ နှိုင်း ခြံရှေ့ပင် ရောက်နှင့်နေပြီမို့ ကားဟွန်းတီးလိုက်သည် ။

တီ ... တီ .... !! တီ .. တီ .. !!

ခြံရှေ့က ဆက်တိုက်တီးတဲ့ကားဟွန်းသံကြောင့် Demon အိပ်နေရင်းသတိနဲ့နိုးလာခဲ့သည် ။

ခြံတံခါးစနစ်က အိမ်တံခါးမ ဖွင့်ခလုပ် Screen နဲ့ချိတ်ဆက်ထားတာမို့ .. အသံမြည်နေခြင်း ။ တော်ရုံလူဆိုမကြားနိုင်သော်လည်း နားပါးလွန်းတဲ့ Demon ကတော့ လုံးဝကြားနေရသည် ။

* ကိုကို့ဧည့်သည်များလား *

အဆက်မပြတ်တီးနေတဲ့ကားဟွန်းသံကြောင့် Demon မျက်မှောင်ကျုံ့ကာအလိုမကျဖြစ်လာတော့သည် ။ ဘယ်လောက်တောင်အရေးကြီးနေလို့ ဒီလောက်တီးနေတာလဲ ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now