💜 Extra အပိုဆု 7 💜

71.5K 5.7K 578
                                    

Unicode...
>>>>>>>>>

.
.

ဘာလိုလိုနဲ့ နှိုင်း နဲ့ Demon တို့အိမ်ထောင်သက်တမ်း ၃ နှစ်ဆိုတဲ့အချိန်ကိုရောက်လာခဲ့ပြီ ။

သို့သော် ဒီသုံးနှစ်အတွင်းမှာအရာအားလုံးအဆင်ပြေနေသော်ငြားလည်း နှိုင်း နဲ့ ပက်သတ်လာရင် ဆတ်ဆတ်ထိမခံသဝန်တိုလွန်းတဲ့ လူဆိုးလေး ရဲ့အချစ်တွေက နှိုင်း တို့ကြားမှာ စကားများစရာကိစ္စလေးတွေဖြစ်လာတယ် ။ နှိုင်း ဒီလောက်ချစ်ပေးပါလျှက်နဲ့ပင် သူ့အတွေးထဲမှာ တစ်စုံတစ်ယောက်ကနှိုင်းကိုသူ့ဆီကဆွဲထုတ်သွားမလားဆိုတဲ့ Psycho စိတ်ကတော့ရှိနေဆဲပါပဲ ။

စိတ်ဆိုးတတ်တဲ့လူဆိုးလေးက ဘယ်လောက်ပင်စိတ်ဆိုးနေပါစေ ဒီလူဆိုးလေးကိုမှမြတ်နိုးစွာချစ်နေတဲ့ နှိုင်း ကတော့ မောင့်အလိုလိုက် မောင့်အကြိုက်ဆောင်ပြီးချော့ခဲ့ရတဲ့ညတွေမှာ မရေတွက်နိုင်တော့ပေ ။ ဒါကတော့ တခြားအိမ်ထောင်ရေးတွေနဲ့မတူပဲ ရန်ဖြစ်ကြသည်လို့ပြောရမလား .... အင်း ချစ်၍ဆိုးသည် လို့ခေါ်ရမလားပါပဲ ။

အရင်တုန်းက Demon ရဲ့ Showroom တွေကို မန်နေဂျာဆီမှာသာအပ်ရင်း တဖက်မှာ နှိုင်း ကိုမသိစေချင်တဲ့အလုပ်တွေကိုတော့ Calvin တို့နဲ့အတူလုပ်ဆောင်ပြီးနေနေပေမယ့် အခုအခါမှာ နှိုင်း သည် လက်ရှိ Showroom Company နှစ်ခုကို Demon အားဦးဆောင်စေခဲ့သည် ။

Company အလုပ်ကိုစိတ်မဝင်စားတဲ့ Demon သည် နှိုင်း ချော့မော့ကာနားချမှု့ကြောင့် သူ့ Company မှာ CEO နေရာဝင်ယူနေပေမယ့် Demon ရဲ့ပုံမှန်ဗီဇအတိုင်းပဲ သူမကြိုက်တဲ့သူကို ပြစ်နှစ်စွာဝေဖန်ပြောဆိုပြီးအပြစ်ပေးဖို့လည်း လက်မတွန့် ။ မျက်နှာတစ်ချက်မပျက်ပေ ။သို့သော် အလုပ်ကိုစေ့စပ်တိကျစွာလုပ်ကိုင်တတ်တဲ့ Demon ကြောင့် လက်ရှိ Company ဟာ အရင်ကထက်ပိုပြီးအောင်မြင်လာခဲ့သည် ။

Demon ဆိုတဲ့လူဆိုးလေးဟာ ဘယ်လိုပင် CEO နေရာမှာရှိနေပါစေ သို့မဟုတ် အများအမြင်မှာ ဘယ်လိုပဲကြမ်းတမ်းပြီးကြောက်ဖို့ကောင်းတဲ့လူတစ်ယောက်ဖြစ်နေပါစေ နှိုင်း ဆိုတဲ့ သူ့ကိုကိုရှေ့ရောက်ရင်တော့ Demon ဟာ အလိုလိုနူးညံ့သွားစမြဲဖြစ်သည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Dove le storie prendono vita. Scoprilo ora