💜 S3 EP - 3 💜

87.1K 7.5K 859
                                    

L မြို့ရဲ့ မြို့လည်ခေါင်လူကုံထံအသိုင်းဝိုင်းတို့နေထိုင်ရာနေရာတခုတွင် ခန်းနားတဲ့ပန်းချီပြခန်းဖွင့်ပွဲကို ဖဲကြိုးဖြတ်ခဲ့သည် ။

အဖြူရောင်ဝတ်စုံပြည့်ဝတ်ကာ နက်မှောင်တဲ့ဆံပင်ကိုသေသပ်စွာပုံသွင်းထားပြီး မျက်ဆံကြည်ပြာရောင်လေးတို့နဲ့ လူကြီးဆန်ဆန်ချစ်ဖို့ကောင်းနေတဲ့ နှိုင်းသုတ ဟာ နိုင်ငံခြားသားလူထွားကြီးတွေနဲ့ တန်းတူ ဧည့်ခန်းစကားပြောနေသည် ။

ဖွင့်ပွဲအခန်းအနားပြီးသည်နှင့် နှိုင်း သည် ဧည့်သည်တစ်ချို့ကို ရှေးဟောင်းပန်းချီတွေအပြင် ခေတ်သစ်ပေါ်ထွန်းနေတဲ့ ပန်းချီတစ်ချို့ကိုချိတ်ဆွဲကာ ပြသခဲ့သည် ။

ထိုပန်းချီတွေအားလုံးထဲတွင် နှိုင်း ကိုယ်တိုင်ရေးဆွဲထားတဲ့လက်ရာတစ်ခုသည်လဲ ရှိလို့နေသည် .... ။

နိုင်ငံခြားဧည့်သည်သုံးယောက်နဲ့ နှိုင်း သည် ပန်းချီကားအကြောင်းပြောရင်းတစ်နေရာအရောက် ... ။

" Mr'Lucas ဒီပန်းချီကားက စိတ်ဝင်စားစရာပဲ ..ကျွန်တော်ဝယ်လို့ရနိုင်မလား "

Lucas ဆိုသည့်နာမည်မှာ နှိုင်း ရဲ့ အင်္ဂလိပ်နာမည်ဖြစ်သည် ။ နှိုင်း ဧည့်သည်ပြောသည့်ပန်းချီ ကို နှိုင်း ကြည့်လိုက်တော့ ဂျပန်ခရီးစဉ်မှာ နှိုင်း ရိုက်ခဲ့တဲ့ပုံလေးကို နှိုင်း ကိုယ်တိုင်ပန်းချီအဖြစ်ပြန်ဆွဲထားတဲ့ ပန်းချီကားချပ် ။

" Mr'B စိတ်မကောင်းစွာနဲ့ငြင်းပါရစေ ဒီပန်းချီကားချပ်က ကျွန်တော်ရဲ့ရှားပါးအမှတ်တရတစ်ခုမို့ စိတ်မရှိပါနဲ့ .. "

" Oh အဲ့ဒါဆိုရင်တကယ်စိတ်မကောင်းစရာပဲ .. အခွင့်ရေးတစ်ခုအနေနဲ့ ရောင်းမယ့်တနေ့ကျွန်တော့်ကိုဆက်သွယ်ပေးပါ .. "

" စိတ်ချပါ ... "

ထိုသို့ပြောပြီး နှိုင်း သည် ထိုပန်းချီပုံလေးရှေ့မှာ ဧည့်သည်တွေကို တခြားတဖက်ကိုခေါ်သွားကာ ဧည့်ခံလိုက်သည် ။

နှိုင်း အတွက် ထိုပန်းချီကားဟာ တကယ်ပင် ဂျပန်ခရီးစဉ်အတွက်ရင်ထဲထိတဲ့အမှတ်တရလေးဖြစ်ခဲ့သည် ... အမှတ်တရ ဆိုလို့ ထူးခြားစွာ သတိရမိတာက ထိုကောင်လေး ....... ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now