လက်ဆောင်မွန် 🐥🌱

32.3K 3.2K 168
                                    

                            [ Unicode ]

သုံးနှစ်ခွဲခန့်ကြာသောအခါ...။

အချိန်က လူကိုမစောင့်သလို..ရက်တွေ လ တွေကြာလာတာနဲ့အမျှ နှိုင်းလေးတို့ရဲ့ပဲပင်ပေါက်လေးတောင် အပြင်ကိုရောက်လာခဲ့ပြီ ။ လွန်ခဲ့တဲ့နှစ်တွေက ကိုယ်ဝန်ကြီးနဲ့နာကျင်မှု့တစ်ချို့ကိုကျော်ဖြတ်လိုက်ရတာဟာ အခုချိန်ပြန်တွေးကြည့်လျှင် မနေ့တနေ့ကလိုပင် ။

သက်ဦးလေးမို့ အချစ်ပိုလွန်းတဲ့လူဆိုးလေးဟာ သူ့သမီးလေးနဲ့ပက်သတ်ရင်သည်းသည်းလှုပ်ချစ်တတ်တဲ့အဖေတစ်ယောက် ။ သမီးထိဓားကြည့်အဖေဖြစ်တဲ့ လူဆိုးလေးဟာ အခုတော့ သမီးလေးကြောင့် တစ်စုံတစ်ယောက်နဲ့ ရန်သတ်နေပါ၏။

" ဘဲကြီးဒါတော့မတရားဘူး ကျုပ်ပဲပင်ပေါက်လေးကိုမခွဲနိုင်ဘူး..လုံးဝလက်မခံဘူး! "

" လက်မခံလဲငါကတော့ ငါ့​မွေးစားသမီး​လေးကိုခေါ်မှာပဲ..​။ မြန်မာပြည်အလည်ပတ်ခေါ်တာအရမ်းအကြာကြီးမှမဟုတ်တာ "

" ဟန့် ရမလား..၊ ပဲပင်ပေါက်လေးကိုကျုပ်မျက်စိရှေ့အောက်ကအပျောက်မခံနိုင်ဘူး..။ ဘဲကြီးနော် အကြီးဆိုပြီးအနိုင်လာမကျင့်နဲ့။ "

" မင်းငါ့ကိုအခုပြန်ခံပြောပြီးစိန်ခေါ်နေတာလား "

ဂီးးးဂီးးးး!

နှစ်ယောက်သားမျက်နှာချင်းဆိုင်ပြီးလက်သီးလက်မောင်းတန်းကာ ထသတ်နေကြတဲ့ နှစ်ယောက်ကိုကြည့်ပြီး ကြားမှာ ရပ်နေတဲ့ ပဲပင်ပေါက်လေးစိတ်ရှုတ်လာသည်။

ဟယ်လို မီးမီးနာမည်က မှူးအလက်ာ ပါ အိမ်မှာဆိုရင်တော့ အားလုံးက ချစ်စနိုးနဲ့ ပဲပင်ပေါက်လေးလို့ခေါ်ပါတယ်၊

မီးမီး က ဒီနှစ်အသက်သုံးနှစ်ပြည့်ပြီးပါပြီ၊ တွေ့ကြတဲ့အတိုင်းပါပဲ .. အခုရန်သတ်နေတာကတော့ မီးမီးDaddy နဲ့ ခေါင်းကိုင်ဖေဖေ ပါ ၊ အကြောင်းက ခေါင်းကိုင်ဖေဖေက မီးမီးကို မြန်မာပြည်ခေါ်သွားချင်တယ်.. ဒါပေမယ့် Daddy က လက်မခံဘူး အဲ့လိုနဲ့ရန်သတ်နေပြန်ပြီလေ.. ဟူးး အချစ်ခံလေးဖြစ်ရတာ မလွယ်ပါဘူးနော် ။

ဖြူဖွေးလွန်းတဲ့နှင်းစက်ကလေးလိုလှပတဲ့အသားအရေလေးနဲ့ ပဲပင်ပေါက်လေးသည် သူ့ရဲ့ချစ်စရာကောင်းလွန်းတဲ့မျက်နှာလေးနဲ့စကားပြောသိပ်လည်တဲ့ကလေးလေးမို့ မိသားစုတွေကြားမှာအချစ်ခံလေးဖြစ်သည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now