💜 S3 EP - 35 💜

71.2K 6.5K 428
                                    

Unicode...
>>>>>>>>

.
.

နောက်တစ်နေ့မနက် Demon အစောကြီးနိုးနေခဲ့သည် ။ ဘာကြောင့်ဆို သူ့အချစ်ကလေးနဲ့ပက်သတ်ပြီး ဒီမှာဆက်နေဖို့စိတ်မချတော့ဘူး.. သူ့အချစ်ကို စားမတတ် ဝါးမတတ် မမြင်ဖူးတဲ့အတိုင်းလိုက်ကြည့်နေမယ့် မျက်လုံးတွေကိုသည်းခံရတာဟာ Demon အတွက်အရမ်းခက်ခဲလွန်းတာကို ကိုယ်တိုင်သာသိမည်။ သူလုပ်စရာရှိတဲ့ကိစ္စတွေသည်လဲ ပြီးမြှောက်နေပြီမို့ ဆက်နေရန်အကြောင်းပြချက်မရှိတော့ပေ ။

Demon မနေ့ညက သူ့ရင်ခွင်မှာ နှိုင်း ကို ထွေးပွေ့ခဲ့တာမှတ်မိသော်လည်း မနက်ခင်းနိုးလာတဲ့အချိန်တိုင်းမှာ ထုံးစံမပျက် နှိုင်း ရင်ခွဲထဲမှာ နှိုင်း ခါးကိုဖက်၍နိုးလာခဲ့စမြဲပဲ ။

အခုတွင်လည်း Demon ဟာ နှိုင်း ခါးကိုဖက်၍ သင်းပြန့်တဲ့ နှိုင်း ကိုယ်သင်းရနံ့သင်းသင်းလေးကိုရှုရှိုက်ကာ မနက်ခင်းရဲ့နွေးထွေးမှု့ကိုခံစားနေလိုက်သည် ။ ထို့နောက် Demon ဟာ သူလုပ်စရာရှိတဲ့ကိစ္စတွေကြောင့် နှိုင်း ရင်ခွင်ထဲကထ၍ စောင်သေချာပြုံခြုံပေးခဲ့ကာ နှုတ်ခမ်းလေးအား တစ်လျက်စုပ်နမ်းကာ အပြုံးတွေနဲ့အတူရေချိုးသန့်စင်ပြီး အဝတ်အစားတွေကို သိမ်းဆည်းနေတော့သည်။ ဒါတွေကို Demon ဟာ မထည့်သိမ်းရင် သူ့အချစ်ကလေးနိုးလာတဲ့အချိန်မှာ လုပ်နေရမှာစိုးတာကြောင့် Demon အကုန်ကြိုပြီးသိမ်းဆည်းထားတော့သည်။ ပြီးကာမှ အပြင်ထွက်လာခဲ့သည် ။

အပြင်ရောက်တာနဲ့ Demon က Calvin တို့ဆီဖုန်းဆက်လိုက်သည် ။

မနေ့ညက Demon ခိုင်းထားတဲ့ကိစ္စတွေကြောင့် နောက်ကျမှ အိပ်ရာဝင်ရတဲ့ Calvin တို့သုံးယောက်ဟာ အိပ်ရာထဲမှာ သိုးနေပြီ ။ Demon ဖုန်းခေါ်လိုက်တော့ အတော်ကြာကြာလေးမြည်ဟီးပြီးမှ အိပ်ချင်မူးတူးနဲ့ Calvin ဖုန်းကို ကိုင်လိုက်သည် ။

" H e llo "

အိပ်ချင်မူးတူးနဲ့ တစ်လုံးချင်းဖုန်းပြောလာတဲ့ Calvin အသံကြောင့် Demon လက်ကနာရီကိုတစ်ချက်ကြည့်လိုက်သည် ။ ဒီအချိန်ဟာ ဒီကလူတွေနဲ့ ပုံမှန်လူတွေအတွက်ဆိုရင် မနက်စာစားသင့်တဲ့အချိန်ရောက်နေပြီဆိုပေမယ့် Calvin တို့အတွက်တော့ မိုးမလင်းသေးသည့်အချိန်မဟုတ်လား ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now