💜 Extra - 2 💜🔞

94.8K 7.1K 1K
                                    

Unicode....
>>>>>>>>

.
.

ဟိုတယ်ရဲ့တဖက်ကမ်းခြေနားတွင် သီးသန့် ဗီလာတိုက်ပုလေးများရှိသည် ။ နှိုင်း နဲ့ Demon ဟာ ဟိုတယ် မှာ မတည်းခိုပဲ ထို ဗီလာ မှာ တည်းကြသည် ။ နှိုင်း ဟာ လွန်ခဲ့တဲ့နှစ်ရက်လုံး လူပင်ပန်းစိတ်ပင်ပန်းနဲ့အိပ်ရေးပျက်ထားတာကြောင့် အခုလိုအားလုံးပြီးစီးသွားသည့်အချိန်မှာ သူ့ရဲ့ပင်ပန်းမှု့တွေကို အတိုးကျပြီးအိပ်နေတော့သည်။

မနေ့ညက သူ့တို့အိပ်ခန်းဆီရောက်လာနဲ့ ရေမိုးချိုးကာ အဝတ်စားသီးသန့်ပင်မလဲနိုင် .. မဂ်လာလည်းမဦးနိုင်ပဲ ရေချိုးဝတ်လဲပြီးထိုအတိုင်းအိပ်ပျော်နေတဲ့ သူ့အချစ်ကလေးကြောင့် Demon ရဲ့ မဂ်လာဦးမယ့်အစီစဥ်ကိုဖျက်သိမ်းကာ သူ့အချစ်ကလေးနဲ့အတူတူအိပ်ပျော်သွားသည် ။ သို့သော် သူ့ရင်ထဲကပျော်ရွင်မှု့နဲ့ ခံစားချက်တွေကြောင့် Demon အတွက် ညအတော်နက်တဲ့အထိအိပ်မပျော်နိုင်ခဲ့ပေ ။

အခုမနက်ကျတော့ နှိုင်း နိုးလာသည့်တိုင် သူ့လူဆိုးလေးက မနိုးသေး ။

မနက်ခင်းတိုင်း နှိုင်း ရဲ့ ရင်ခွင်ထဲမှာပဲ နိုးလာတတ်တဲ့ လူဆိုးလေးကြောင့် အခုတစ်ခါတော့ရင်ဘတ်ဆီကတတ်တူးလေးကြောင့် ခါတိုင်းထက်ပိုနာကျင်ရသည်။ လူဆိုးလေးကတော့ အကျီမပါပဲ ဒီတိုင်း ဘောင်းဘီတိုတစ်ထည်နဲ့ပင် အိပ်မောကျနေသည် ။

ဒါပေမယ့်လည်း နှိုင်း ခါးကိုဖက်ပြီးအိပ်မောကျနေတဲ့လူဆိုးလေးကို မနှိုးချင်တာကြောင့် လက်တွေကိုအသာလေးဖယ်ကာ ရင်ဘတ်ပေါ်ကခေါင်းကို ခေါင်းအုံးဆီချပေးဖို့လုပ်ရသည် ။

သို့သော် နှိုင်း နည်းနည်းလှုပ်ယုံပဲရှိသေးတယ် Demon ဟာ နှိုင်း ခါးကိုပိုပိုပြီးတင်းတင်းဖက်ကာ ရင်ခွင်ထဲသို့ကြောင်ကြီးတစ်ကောင်လိုတိုးဝှေ့နေတာကြောင့် နှိုင်း အနာထိမိသွားတာကြောင့် ပခုံးကိုတွန်းမိသွားသည် ။

ထို့ကြောင့် အအိတ်ဆတ်တဲ့ Demon ဟာ လှုပ်လှုပ်ရွရွနဲ့နိုးလာပြီး နှိုင်း ကို အိပ်ချင်မူးတူးနဲ့ မော့ကြည့်လာသည် ။

" Sorry ကိုယ်ကြောင့်နိုးသွား​ပြီလား "

" မောင် အိပ်ချင်သေးတယ် ကိုကို "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now