💜 S3 EP - 25 💜

77.4K 7.7K 1K
                                    

Unicode...
>>>>>>>>

.
.

နာမည်ကြီးဆေးရုံတစ်ခုဟာ အခုချိန်မှာတော့ကြောက်လန့်မှု့ကိုယ်စီနဲ့ပြာယာခတ်နေကြသည်။ ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာသည့်လူနာဟာ တော်ရုံလူတန်းစားမဟုတ်တာကိုသိတဲ့ ဆရာဝန်တွေဟာ ပုံမှန်ထက်ပိုပြီးဂရုတစိုက်လုပ်နေရသည်။ အခုချိန်မှာ သူတို့သာဒီလူနာအပေါ်အမှားသေးသေးလေးတစ်ခုလုပ်မိမယ်ဆိုရင် သူတို့အသက်ရော မြို့လည်ခေါင်မှာတည်ရှိနေတဲ့ ၏ဆေးရုံရောနောက်နေ့ နေထွက်ချိန်တောင်ရှိတော့မည်မထင်ပေ ။

နှိုင်း ခွဲစိတ်ခန်းထဲဝင်သွားတည်းက Demon ဟာ ခွဲစိတ်ခန်းအပြင်မှာစိုးရိမ်မှု့အပြည့်နှင့်စောင့်ကာ သူ့ရဲ့အသုံးမကျတဲ့လိုအပ်ချက်ကြောင့် နှိုင်း ထိခိုက်မှု့ဖြစ်တယ်လို့တွေးရင်းကိုယ့်ကိုကိုယ်အပြစ်တင်စိတ်တွေဖြစ်နေတော့သည်။

ထို့အတူ Demon အတူ နှိုင်း ရဲ့ ခွဲစိတ်ခန်းရှေ့မှာစောင့်နေတဲ့ ဦးဇိုင်း နဲ့ ဇိုင်းသုတ သည်လဲ နှိုင်း ကို အလွန်စိတ်ပူနေတော့သည် ။ ဇိုင်းသုတ သည် သူ့ညီငယ်ကိုစိုးရိမ်စိတ်ပူနေဇောနှင့် သူ့ရှေ့မှာရှိနေတဲ့ Demon ကို မုန်းတီးစွာစိုက်ကြည့်ရင်း တောက် ! တစ်ချက်ခေါက်လိုက်သည် ။

" နှိုင်းလေးဒီလိုဖြစ်နေတာကို အကိုတစ်ယောက်အနေနဲ့ကျွန်တော်ဘယ်လိုမှခွင့်လွတ်ပေးလို့မရဘူး။ညီလေးသတိရလာတာနဲ့ကျွန်တော်တို့ပြန်ခေါ်သွားမယ် Daddy.. "

ဇိုင်းသုတ ပြောလိုက်တော့ အနီးနားမှာရှိနေတဲ့ Demon မျက်လုံးရဲ့ဒေါသမျက်လုံးတွေကချက်ချင်းပဲ ဇိုင်းသုတဆီရောက်လာသည်။

" မင်း လုပ်ရဲလား ! "

အံကြိတ်သံနဲ့အတူပြောလိုက်တဲ့ Demon စကားကို ဇိုင်းသုတ သည်လဲ လှောင်ပြုံးနဲ့အတူစိုက်ကြည့်ကာ ...

" စောင့်ကြည့်လိုက် .. ငါ့ညီလေးကိုဘယ်တော့မှမင်းနဲ့မထားခဲ့ဘူး ငါရအောင်ပြန်ခေါ်သွားမှာ ! "

" မင်းငါ့ဒေါသကိုလာမဆွရင်ကောင်းမယ် ! "

Demon သည် နှိုင်း အားသူ့အဝေးကိုဆွဲခေါ်ထုတ်သွားမယ်အသံကြားရုံနဲ့လူသတ်ချင်စိတ်တွေခက်ထန်လာကာ ဒေါသကြောင့်အသားတွေပင်တုန်ယင်နေတော့သည်။ အံကိုကြိတ်ပြီး ဇိုင်းသုတ ကို ထသတ်တော့မတတ်စိုက်ကြည့်နေတဲ့ Demon ကို ဇိုင်းသုတ ကလဲ ထိုအတိုင်းပဲ ပြန်စိုက်ကြည့်နေသည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Opowieści tętniące życiem. Odkryj je teraz