💜 S3 EP - 39 💜🌚

82.8K 7.1K 855
                                    

Unicode....
>>>>>>>>>

.
.

" ဘာ ! .... ဒါ ... ဒါဘယ်လိုဖြစ်နိုင်မှာလဲ .. ဒီသတင်းကမင်းသေချာလား "

" ဒီသတင်းကလုံးဝသေချာပါတယ် သခင်ကြီး "

Weston အိမ်တော်တွင် ဝန်ကြီးဖြစ်သည့် Weston ဟာ သူ့လူယုံစုံစမ်းလာသည့် သတင်းကို နားထောင်ပြီးမယုံကြည်နိုင်ပေမယ့် တကယ်လက်တွေ့အမှန်တရားက စီးကြိုလို့နေသည် ။ ဧည့်ခန်းတွင် သူနဲ့ သူ့မိန်မလူစီယာတို့မျက်နှာထက် အံသြမှု့တွေနဲ့ကိုယ်စိရှိနေပြီး .. တကယ့် တကယ်လူစီယာမျက်နှာတွင် Demon အား လက်စားမချေရတော့ဘူးဆိုတဲ့စိတ်နဲ့ တနုတ်နုတ်ခံပြင်းနေတာပင်ဖြစ်သည် ။

အခုချိန်မှာ သူမသားဖြစ်သူက မျက်နှာအတွက် နိုင်ငံခြားတွင်ပို့ထားရပြီး .. သူမရဲ့နောက်ခံအဖေဖြစ်သူဆုံးပါးသွားတာကြောင့် သူမမှာ စည်းစိမ်အပြင် အားကိုးရာမရှိ ။ သူမတွေးတာတာက Demon ဟာ သူမသတ်ချင်ရင်လွယ်ကူတဲ့ကောင်လေးတစ်ယောက်သာသာပဲ ။ သို့သော် အခုချိန်မှာ ပြန်တွေးမိလိုက်တာက သူမ Demon ကို သတ်ဖို့မကြံစည်ခဲ့တာ ကံကောင်းတယ် ဟုပင် ။ တကယ်လို့သာ သူမ ကြံစည်ခဲ့ရင် သူမကို Demon သေချာပေါက်အလွတ်ပေးမှာမဟုတ် ။

လူစီယာ ဟာ သူမရဲ့အမုန်းနဲ့ အညိုးတွေကို ဖွင့်ထုတ်ကာ မသတ်နိုင်တော့တာမို့ သူမ ကိုယ် သူမအကောင်းဆုံးပြင်ဆင်ပြီးသာ မြိုသိပ်ထားလိုက်ရသည် ။

* ငါနင့်ကိုမသတ်နိုင်ပေမယ့် .. ငါနင့်ကိုသေလောက်အောက်မုန်းတာ် Christo *

Weston ဟာ Kan လက်ခုတ်ထဲကရေလိုဖြစ်နေတဲ့အချိန်အတွင်းမှာ ရုတ်တရက် သူ့အားလမ်းဖောက်ပြီး ထောက်ပံ့ပေးလာသူကြောင့် သူဟာ Kan ကို ဆန့်ကျင်ပြီး ဒီရာထူးနေရာကို ထိန်းသိမ်းနိုင်ခဲ့ပြီး Kan ထက်ပို၍အုပ်ချုပ်ပိုင်းနဲ့အာဏာမှာပိုသာလာခဲ့သည် ။ သူ ဟာ သူ့ရဲ့နောက်ခံကအဖွဲ့အစည်းအကြောက်းကို အမြဲတမ်းတိတ်တဆိတ်စုံစမ်းခဲ့ပေမယ့် ဘယ်တော့မှမတွေ့ခဲ့ပေ ။ အခုတွေ့တဲ့အချိန်မှာတော့ သူ တကယ်ပင်မယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့သည် ။

သူ့ကို နှစ်နဲ့ချီအောင် ထောက်ပံ့လာပြီး ၏နေရာတွင်တင်ထားသူဟာ သူမွေးထားတဲ့သားတစ်ယောက် ပြောရရင် သူစွန့်ပြစ်ထားတာကြာပြီပဖစ်တဲ့ သားတစ်ယောက်ဖြစ်နေမယ်မှန်း ဘယ်တုန်းကမှ မတွေးမိခဲ့ပေ ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now