💜 Extra အပိုဆု 12 💜 🔞

67.7K 4.5K 489
                                    

( Unicode )

မျက်စိတစ်မှိတ်အတွင်းမှာ Demon အားလုံးမျှော်လင့်စောင့်စားနေတဲ့ နှိုင်းရဲ့ဗိုက်လုံးလုံးလေးဟာ ၇ လထဲရောက်နေခဲ့ပြီ ။

ပြီးပြည့်စုံတဲ့မနက်ခင်းလေးမှာ ကျေးငှက်တွေတွန်သီသံနှင့် နေရောင်ခြည်အနွေးဓာတ်တွေက ကျောပေးအိပ်ထားတဲ့ Demon နောက်ကျောပြင်ကိုအပူရှိန်ခံစားမိတာကြောင့်..ရင်ခွင်ထဲကချစ်ရသူလေး မနိုးစေရန် Demon နောက်ကျောနှင့်ကွယ်ကာ ပွေ့ဖက်လိုက်သည်။ သို့သော် ရနေကျကိုယ်သင်းရနံ့သင်းသင်းလေးနဲ့ နွေးထွေးတဲ့ခန္ဓာကိုယ်လေးအစား အေးစက်တဲ့အိပ်ရာကိုသာစမ်းမိတာကြောင့် Demon ချက်ချင်းလန့်နိုးလာခဲ့သည်။

" ကိုကို..."

ကိုယ်ဝန်လရင့်နေပြီးဖြစ်တဲ့နှိုင်းလေးကို မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် ဂရုစိုက်နေရတဲ့ Demon ဟာ အခုလို နှိုင်းတစ်ယောက်တည်းအရင်ဆုံးအိပ်ရာထသွားခြင်းမရှိခဲ့ဖူးတာကြောင့် စိုးရိမ်စိတ်ပူကာ ချက်ချင်းပင် အခန်းထဲရေချိုးခန်းဆီသွားရှာသော်လည်း တိတ်ဆိတ်နေတဲ့ အိပ်ခန်းကြောင့် နှိုင်း မရှိတာသေချာသည်။

" ကိုကို.....ကိုကိုဘယ်မှာလဲ "

ပြန်ဖြေသံမကြားတဲ့ နှိုင်း ကြောင့် Demon စိတ်ထူပူကာချက်ချင်းပင် နှိုင်းလေးအားအော်ခေါ်ရင်းအောက်ထပ်ဆီပြေးဆင်းလာသည်။

" ကိုကိုဘယ်မှာလဲ... မောင့်ကိုမလှန့်နဲ့နော် "

စိတ်အစဥ်ကချစ်ရသူအတွက် အရမ်းစိတ်ပူနေရတဲ့ Demon ဟာ သူ့ရင်ထဲမှာစိုးရိမ်မှု့အသေးစားလေးဖြစ်တည်လို့လာသည်။ နှိုင်းလေး သာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ အတွေးကို Demon ဘယ်လိုမှ မခံစားနိုင် ၊

" ကို....... ? "

မီးဖိုချောင်အခန်းထဲသို့အပြင်ကနေလှမ်းကြည့်ချိန်မတွေ့တာကြောင့် တခြားအခန်းသို့သွားရှာမယ်အပြု မီးဖိုခန်းရေခဲသေတ္တာနောက်ဘက်ဆီက အသံကြောင့် Demon အသံတိတ်သွားပြီးတိုးတိုးလေးသွားကြည့်လိုက်သည်။ ထိုအခါ မီးဖိုခန်းဘေစင်မှာ သရက်သီးခွံတွေဟိုတစ်စ ဒီတစ်စပြန့်ကျဲကာ ငရုတ်သီးမှုန့်ဗူးကိုဖွင့်ဟလျှက်ရှိနေသည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Onde as histórias ganham vida. Descobre agora