💜 S3 EP - 5 💜 🌚

111K 8.2K 702
                                    

ညရောက်သော .....။

ဂျင်းဘောင်းဘီနက်ပြာရောင် နှင့် အဖြူ​ရောင်ကော်လန်တီရှပ်ကို ကျယ်သီးနှစ်လုံးဖြုတ်၍ဝတ်ဆင်ထားကာ သေးမှင်တဲ့ယောက်ကျားလေးဝတ်လက်တီနမ်ဆွဲကြိုးကိုဆွဲထားပြီး အပေါ်ကုတ်နက်ပြာအစင်းကိုဝတ်ပြီးလက်ကိုအရှည်ကို လူငယ်ဆန်ဆန်လက်တံတောင်နားထိတွန်းပို့တင်ထားသည် ။

နက်မှောင်တဲ့ဆံသားတွေကိုဂျယ်နဲ့ကျနစွာပုံသွင်းပြီး လက်မှာ အဆင်သင့်ထုတ်ထားတဲ့နာရီကိုပတ်လိုက်သည် ။

Ringtone ... !

" အေး ရောက်ပြီလား .. "

" ငါတို့အောက်မှာရောက်နေပြီ ဆင်းခဲ့လိုက်တော့ .. "

" ခဏလေး ငါကားသော့ယူလိုက်ဦးမယ် "

" မင်းကားမယူခဲ့နဲ့တော့ ရှိုင်း ကားနဲ့ပဲ တစ်စီးတည်းသွားမယ် ပြန်လာလို့မူးနေရင် ငါတို့လဲမောင်းနိုင်မှာမဟုတ်ဘူး .. မင်းက ဘာမှမသောက်တတ်တော့ မင်းပဲမောင်းရမှာ "

" အော်အေအေ ကောင်းပါ့ကွာ .. လိုက်ချင်စိတ်တောင်ပျောက်တယ် "

" ဟားဟားဟား စတာပါကွာ .. ငါတို့စောင့်နေမယ် "

နှိုင်းသုတ က အပြင်းစားအရက်တွေကိုမသောက်နိုင် ။ မသောက်နိုင်တာထက် မသောက်တတ်တာဆိုလဲမှန်မည် ။ သို့သော် နှိုင်းသုတ က အဲ့လိုအရာတွေ အဲ့လို​နေရာတွေနဲ့မအပ်သော်ငြားလည်း ပေါင်းသင်းနေတဲ့သူငယ်ချင်းတွေကတော့ အဲ့နေရာကို တော်တော်ကြိုက်ကြပါတယ် ။ ကိုယ်ကတော့ အမူးသမားထိန်းပေါ့ ။

နှိုင်းသုတ ကားဆီဝင်ထိုင်လိုက်သည်နှင့် စကားတပြောပြောနဲ့ မောင်းလာလိုက်တာ ရှိုင်းထက်အောင် ပြောတဲ့ Club ကိုပင် ရောက်လာခဲ့ပြီ ။

" နှိုင်း မင်းတို့နှစ်ယောက် ဒီမှာခဏစောင့်နေဦး ငါတို့ကားပါကင်သွားထိုးလိုက်ဦးမယ် "

" အေးအေး "

ရှိုင်းထက်အောင် နဲ့ ဘုန်းပြည့်လျှံ တို့ကားပါကင်သွားထိုးတော့ နှိုင်း နဲ့ စစ်မာန်ခ တို့ အဝင်ဝနားမှာခဏစောင့်နေလိုက်ရင်း နှိုင်း က ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေမိသည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now