💜 S3 EP - 21 💜

98.2K 7.8K 1.5K
                                    

Unicode..
>>>>>>>>>

နောက်တစ်နေ့မနက် နှိုင်း ဟာ Demon နဲ့အတူ ခရီးသွားရန်အတွက် ချိန်းထားတဲ့နေရာဆီ နှိုင်း ကားနဲ့ပဲထွက်လာခဲ့သည် ။

Demon က နှိုင်း အတွက် ကားတံခါးဖွင့်ပေး၍ ကားမောင်းသူနေရာမှာထိုင်ပြီး ကားမောင်းလာခဲ့သည် ။

ဒီနေ့မှာ နှိုင်း ပုံမှန်ထက်ပိုအိပ်မိတာကြောင့် အိပ်ရာထနောက်ကျသွားသလို .. အိပ်ရေးဝလို့ ပြည့်ပြည့်လေးဖြစ်နေတဲ့မျက်နှာလေးရဲ့ပါးမို့နှစ်ဖက်က နီဆွေးဆွေးလေးဖြစ်နေတာကြောင့် နှိုင်း ဟာ Demon မျက်လုံးထဲမှာ အရမ်းလှပလို့နေသည် ။

Demon က ကားစထွက်တာနဲ့ နှိုင်း ရဲ့ ဖြူဖွေးတဲ့လက်ချောင်းသွယ်လေးတွေနဲ့ သူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ တစ်ချက်နမ်းပြီးမောင်းနေတာကြောင့် နှိုင်း ဟာ Demon ရဲ့ ထိုအပြုအမူလေးကို ရင်ထဲမှာနွေးထွေးကာသဘောကျနေတော့သည်။

" ကိုယ်အိပ်ရာထနောက်ကျသွားတာနဲ့ မောင် မနက်စာမစားခဲ့ရဘူး "

" ကျွန်တော့်အတွက်ကကိစ္စမရှိဘူး အချစ်ရော မနက်စာစားတာ ဗိုက်ပြည့်ရဲ့လား ? ဗိုက်ဆာနေသေးလား "

" ​ကိုယ်ဗိုက်ပြည့်ပါတယ်ကွာ နွားနို့ခွက်ကြီးတစ်ခွက်နဲ့ မနက်စာအစုံစားခဲ့ရတာ ဗိုက်မပြည့်ပဲနေမလား "

" ရပြီ ကျွန်တော်အဲ့တာပဲလိုချင်တာ .. ကျွန်တော့အတွက် အချစ်ဗိုက်ပြည့်ဖို့ကအဓိကပဲ "

" မောင်ကတော့လေ "

မနက်ခင်းရဲ့နေရောင်ခြည်အနွေးဓာတ်က ကားမှန်ကတစ်ဆင့် နှိုင်း ရဲ့ ရှက်ပြုံးလေးပေါ်ထင်နေတာမို့ Demon ရဲ့အကြည့်တွေက ပြုံးနေဆဲ နှိုင်း နှုတ်ခမ်းလေးဆီရောက်သွားတော့သည် ။

သို့သော် သူကအခုလောလောဆယ်ကား​မောင်းနေရတာမို့ သူ့အချစ်ကလေးရဲ့နှုတ်ခမ်းသားလေးတွေကို နမ်းရှိုက်ဖို့ရာမဖြစ်နိုင်ဘူး အဲ့အစား သူဆုပ်ကိုင်ထားတဲ့လက်ခုံလေးကိုအစားထိုးလိုက်သည် ။

Demon ဟာ နှိုင်း ရဲ့ လက်ခုံလေးကိုနှုတ်ခမ်းနဲ့ဖိနမ်းလိုက်ပြီး ပါးစပ်ဖွင့်ဟကာစုပ်နမ်းရင်း လျှာကစားနေတော့သည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now