💜 S3 EP - 37 💜

75.6K 7.2K 711
                                    

Unicode...
>>>>>>>>>

.
.

နှိုင်း Hotel က သူ့ရဲ့ ကုတ်အကျီနဲ့ဖုန်း ကို သူမဆီကယူပြီး လေးကန်တဲ့ခြေလှမ်းတွေနဲ့ အိမ်ကိုပြန်လာခဲ့သည် ။ အရင်က နှိုင်း ပြန်လာရင် ကြိုစောင့်နှင့်နေသူ.. နှိုင်း နဲ့ အတူပြန်လာတဲ့ချစ်ရသူမရှိတဲ့နောက်မှာ နှိုင်း အိမ်က အရင်ကထက်ပိုပြီးခြောက်သွေ့သွားသည်။

အိမ်ထဲဝင်လိုက်ပြီး ဧည့်ခန်းက ဆိုဖာအောက်တွင်စိတ်ဓာတ်ကျစွာကျုံ့ကျုံ့လေးထိုင်ပြီး Demon ပြောသွားတဲ့စကားတွေကိုတစ်လုံးချင်းနားထဲမှာပြန်ကြားယောင်နေတာကြောင့် ဒူးနှစ်ဖက်ထောင်ပြီး သူ့ခေါင်းကိုတင်ကာ..ရှိုက်ငိုနေတော့သည်။

" ကိုယ် မောင့်ကိုအဲ့လိုသဘောပြောချင်တာမဟုတ်ပါဘူး... ကိုယ်မောင့်ကိုတကယ်ချစ်တာပါ..ကိုယ်တကယ်.... "

ပြောရင်းနဲ့ပို၍ဝမ်းနည်းလာတော့သည် ။ အခုချိန်မှာ နှိုင်း အမျှော်လင့်ဆုံးက သူ့လူဆိုးလေး သူ့ဆီပြန်လာမယ့်အချိန်ပဲ ။

" ကိုယ်မောင့်ကိုချစ်တယ်.. ကိုယ့်ဘဝမှာ ဘယ်သူကမှအရေးမပါနိုင်တဲ့အထိ မောင့်ကိုချစ်တာပါ"

နှိုင်း သည် သူ့ရဲ့မဆင်မခြင်ပြောလိုက်တဲ့စကားကြောင့် Demon ရက်ထဲကိုဒဏ်ရာဖြစ်သွားခဲ့တာနဲ့ပက်သတ်ပြီးအရမ်းစိတ်မကောင်းဖြစ်ပြီး ငိုထားတာ မျက်ခွံတွေနီရဲပြီး မို့အစ်လာတော့သည် ။ ကျနေဆဲမျက်ရည်တွေကိုလက်ခံနဲ့ ခပ်ကြမ်းကြမ်းသုတ်ဖယ်ထားတာကြောင့် ပါးနှစ်ဖက်ကပွန်းကာရဲနေတော့သည်။

တစ်ယောက်တည်းစကားတွေရေရွတ်ကာ Demon ပြန်လာနိုးနိုးနဲ့ဆိုဖာအောက်ခြေမှာထိုင်ပြီးစောင့်နေခဲ့သည်။

>>>>>>>>>>>>>>>>>

Demon စိတ်ရှုတ်ထွေးစွာ နှိုင်း ဆီက ထွက်လာခဲ့ပြီး ဆိုင်ကယ်ကိုအသားကုန်မောင်းပြ မြစ်ကမ်းစပ်တစ်နေရာဆီရောက်လာခဲ့သည် ။ Demon သည် သူ့စိတ်ရှိတဲ့အတိုင်းပေါက်ကွဲနေ​တော့သည်။

" အားးး !!! ဘာလို့လဲ ဘာလိုခင်ဗျားကျုပ်ကိုမလိုချင်တော့တာလဲ ! ကျုပ်ကဆိုးတယ်.. ရိုင်းတယ်..ကြမ်းတမ်းတယ် အကုန်မှန်တယ် ခင်ဗျားနဲ့မလိုက်ဖက်ဘူးဆိုတာလည်းမှန်နေတာပဲ .. ဒါ ဒါပေမယ့် ကျုပ် ခင်ဗျားကိုအရမ်းချစ်တာ ဘာလို့ ကျုပ်ကိုမလိုချင်တော့တာလဲ ဘာလို့လဲ .... !!! "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now