Unicode...
.
.
.' သားငယ်သေချာလား '
' ဟုတ်ကဲ့ Daddy ကျွန်တော်သေချာဆုံးဖြတ်ပြီးပါပြီ '
Company တွင် နှိုင်း ဟာ သူ့မိသားနဲ့အတူ Videoသူ့မိသားစုအားအသိပေးခြင်းတစ်ခုဖြစ်နေခဲ့တယ်ဆိုပေမယ့် Call နဲ့အတူတိုင်ပင်နေတာဖြစ်သည်။ ဒါဟာတိုင်ပင်နေတယ်ဆိုတာထက် နှိုင်း အတွက်ဒီဆုံးဖြတ်ချက်ဟာ အကြိမ်ကြိမ်စဉ်းစားပြီးမှဆုံးဖြတ်ခဲ့ရတာမို့ပြန်ပြင်စရာအကြောင်းမရှိပေ ။
တဖက်က ဦးဇိုင်း နဲ့ ဇေသုတအပြင် ဇိုင်းသုတ တို့ဟာ နှိုင်းလေးပြောတဲ့စကားကိုသေချာနားထောင်၍တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာတစ်စုံတစ်ခုတွေးတောနေသည်။ ထိုထဲတွင် ဦးဇိုင်းဟာ သူ့ရှေ့မှာမျှော်လင့်ကြီးစွာကြည့်နေတဲ့သားဖြစ်သူကိုကြည့်ပြီး....
' ဒီအကြောင်းကိုသူရောသိပြီးပြီလား'
' မသိသေးဘူး Daddy ဒါပေမယ့်ဒီနေ့ကျွန်တော်စစ်ဆေးပြီးရင်သူ့ကိုဖွင့်ပြောဖို့စီစဉ်ထားပါတယ်'
' ကောင်းပြီ ဒါကသားငယ်လိုချင်တဲ့ဘဝဆိုရင် Daddy တို့အားလုံးကလိုလိုလားလားနဲ့ကြိုဆိုပါတယ်ကွာ '
' ဟုတ်တယ်သားငယ် ပါးပါးလဲဒီကိစ္စနဲ့ပက်သတ်ပြီးသားငယ်လေးအတွက်ဝမ်းသာတယ် '
' အကိုကြီးကတော့ပြောစရာမလိုတော့ပါဘူး ညီလေးဘာပဲလုပ်ချင်လုပ်ချင် ငါ့ညီလေးနောက်မှာ အကိုကြီးကအမြဲရှိနေမှာ '
' ဂျူးလေး လဲ သဘောတူတယ် ဟီးဟီး '
အပြင်ဘက်မှာမျက်နှာချင်းဆိုင်အနေနဲ့မဟုတ်လည်းပဲ Screen ပေါ်ကမိသားစုရဲ့နွေးထွေးမှု့နဲ့စကားတွေက နှိုင်းလေးကိုအတိုင်းမသိပျော်ရွင်စေပြီးမျက်ရည်ကျမိသည်အထိပျော်ရွင်ရပါသည် ။
' ကျွန်တော်ကဆုံးဖြတ်ချက်ချပြီးမှ Daddyတို့နဲ့အကိုကြီးကိုအသိပေးသလိုဖြစ်ရလို့တောင်းပန်ပါတယ် '
အပြစ်လုပ်ထားသလိုခေါင်းငုံ့၍မျက်ရည်ကျရင်းပြောနေတဲ့နှိုင်းလေးကြောင့် ဦးဇိုင်းတို့အားလုံးကနားလည်မှု့အပြည့်အဝပေးတဲ့မျက်နှာတွေနှင့်ပြုံးကာ....
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S3 [ Completed ]
Romance#July - 17 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖြစ်သည်။