Unicode...
>>>>>>>>.
.
လေဆိပ်လာရာတွင် Demon ဟာ နှိုင်း ရဲ့ ပြောင်းလဲထားတဲ့ပုံစံလေးကိုကြည့်ကာ သူ့ရင်ထဲကိလိကလိုအသည်းယားနေပေမယ့် လက်တွေ့မှာတော့ ဘဝင်မကျတဲ့အကြည့်နှင့်ကြည့်နေသည်။" ကိုကိုကကွာ မောင့်ကိုလဲမတိုင်ပင်ပဲ ဆံပင်ကိုဘာလို့ဒီအရောင်ဆိုးလိုက်တာလဲ "
" ကိုယ်ကအပြောင်းလဲလေးဖြစ်အောင်သဘောကျလို့ဆေးရောင်ဆိုးလိုက်တာပါ ဘာလို့လဲ ဒီအရောင်လေးကလှပါတယ် "
လုပ်ချင်တာလုပ်ပြီးသဘောကျနေတဲ့ နှိုင်း ဟာ မျက်နှာမှာချစ်စရာကောင်းအောင်ပြုံးထားသေးသည် ။
ဒီနေ့မနက်မှာ နှိုင်း စိတ်ကူးထားတာကြာပြီဖြစ်တဲ့ဆံပင်အရောင်ဆိုးတာလေးကိုပုံဖော်ဖြစ်ခဲ့သည် ။ ရှယ်ယာရှင်တစ်ချို့နဲ့လုပ်ငန်းလုပ်နေရတဲ့ နှိုင်း ဟာဆံပင်အရောင်ဆိုးဖို့အတွက်တကယ်ပင်စဥ်းစားရခက်တာမို့မဆိုးခဲ့ရပေမယ့် အခုလို ခွင့်ရက်ရှည်ကာလမှာ နှိုင်း လုပ်ချင်တာလေးကိုရအောင်လုပ်ခဲ့သည် ။
သို့သော် နှိုင်းရဲ့လူဆိုးလေးကတော့ ထိုဆံပင်ဆိုင်အားမီးသွားရှို့မယ်လုပ်နေလို့ မနည်းချော့ပြီးလေဆိပ်ခေါ်လာရသည်။
ဆံပင်အရောင်ကို မဟော်ဂနီအရောင်အနုဆိုးလိုက်တာကြောင့်နဂိုအသားဖြူပြီးချစ်စရာကောင်းတဲ့မျက်နှာလေးက ပိုပြီးအသက်ဝင်ပြီးလာလှလာခဲ့သည်။ Demon သည် သူ့ဘေးမှာရှိနေတဲ့အချစ်ကလေးကို ကြည့်ပြီး အရမ်းလှလွန်းလို့ အဲ့ဆံပင်အရောင်ကိုဘယ်လိုပြန်ချော့ပြီးပြောင်းခိုင်းရမလဲတွေးနေသည်။
လေဆိပ်ရောက်တာနှင့် ခရီးဆောင်အိတ်နှစ်ခုကို လက်ကိုင်ဂိုင်းတစ်ခုတည်းပူး၍ဘီးလုံးလှိမ့်ပြီးတစ်စုတည်းကိုင်ကာ ကျန်လက်တစ်ဖက်တွင် နှိုင်းလက်ကိုဆုတ်ကိုင်ထားသည်။
Demonအဝတ်အစားတွေမှာ အနက်ရောင်ဂျင်းဘောင်းဘီနှင့်ကော်လန်အကျီလက်ရှည်တို့နှင်အတူ အပေါ်ကုတ်အနက်ကိုပါဝတ်ဆင်ထားတဲ့ Demon ဟာ ရှည်လျှားတဲ့အရပ်နှင့်တောင့်ဖြောင့်တဲ့ခန္တာကိုယ်ကြွက်သားတွေက သူ့အားပို၍ခန့်ငြားစေသည်။
YOU ARE READING
ကိုကိုရဲ့ကလေးငယ် S3 [ Completed ]
Romance#July - 17 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖြစ်သည်။