MAL - 23

6.7K 954 164
                                    

Unicode

' ဒီနေ့  Baekhyun shi ဆေးရုံဆင်းရတော့မှာပဲနော်
ဒေါက်တာနဲ့အတူ  လှုပ်ရှားမှုလေး နည်းနည်းလုပ်ကြည့်ကြရအောင် ´

' ဟုတ်ကဲ့ ´

ယခုအခန်းထဲတွင်  Jong in ရော Chanyeol ရော
Baekhyun ၏အဖေရော  အားလုံးက ကုတင်ပေါ်မှ
ခြေဆင်းချ၍ ထိုင်နေသော Baekhyun ၏
အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည် ။

ပတ်တီးတွေ ဘာတွေ ဖြေထားတာကတော့ ၁ ပတ်လောက်
ရိှပြီ ဆိုပေမယ့်  Baekhyun အနေနဲ့ ညာဘက်လက်ကို
ဘာမှ အားစိုက်မထုတ်ပဲ ဒီတိုင်း အနားပေးထားရသည်က
များ၏ ။

Park Chanyeol ဆိုသည့်လူက ထမင်းဇွန်းကိုပင်
အကိုင်မခံချေ ။ လက်ကောင်းသွားပြီ ဆိုသော်လည်း
Jong In ရိှသည့်အချိန် Jong in က ခွံ့ကျွေး၍
သူရိှသည့်အချိန်မှာတော့ သူကိုယ်တိုင် ခွံ့ကျွေးပြီး
လူနာတစ်ယောက်လို ဆက်ဆံနေဆဲပင် ဖြစ်သည် ။

' ဟုတ်ပြီ  ခု ဒေါက်တာပြောသလို
လက်ကို ဆန့်ပြီးအောက်ချထားတာကနေ
မျက်နှာနဲ့ တစ်တန်းတည်းရောက်တဲ့အထိ
ဖြည်းဖြည်းချင်း မ တင်ကြည့်မယ် ´

အခန်းထဲမှာ အပ်ိုလူရိှနေသော 3 ယောက်လုံးသည်
အသက်ပင်ရှူပါသေးရဲ့လား ဟုမေးယူရအောင်အထိ
ငြိမ်သက်ပြီး Baekhyun အခြေအနေကို
အလေးအနက်ကို စောင့်ကြည့်၍ နေ၏ ။

' အင်း  ကောင်းတယ် ။
ခု ဖြည်းဖြည်းချင်းပြန်ချလိုက် ´

Baekhyun သည်လည်း လေကိုမှန်မှန် ပါးစပ်က
ရှူထုတ် ရှူသွင်းရင်း သတိကိုကပ်ထား၍ လက်ကို
လှုပ်ရှားနေရ၏ ။ လက်ပျဥ်ရိုးက နာတော့မနာပေမယ့်
အောင့်သက်သက်ကြီးတော့ တွေ့နေဆဲပင်ဖြစ်သည် ။

' ဟုတ်ပြီ .. ခုဘေးကို ဆန့်ထုတ်ကြည့်မယ် 
ဖြည်းဖြည်း   ဖြည်းဖြည်း ....

အင်း   တော်တယ် ။
ပြီးရင်  ထ ရပ်ပြီး လက်ကို နည်းနည်းလွှဲကြည့်မယ်
အရမ်းကြီးမလုပ်နဲ့နော် ´

ထို့နောက်ဒေါက်တာက  Baekhyun ကျောကို လက်ဖဝါးနှင့်
ခပ်သာသာဖိပေးထားရင်း တစ်ဖက်က Baekhyun
ညာလက်ကို ကိုင်ကာ  လက်ခပ်ဖြည်းဖြည်းလွှဲခြင်း
အရှိန်ကို များမသွားစေရန်  ထိန်းညှိပေးနေ၏ ။

Marriage   And   Love  ( Completed ) Where stories live. Discover now