MAL - 13

5.5K 867 97
                                    

Unicode

ကံကောင်းခြင်းဟု ဆိုရမည်လား
ကံဆိုးခြင်းဟု ဆိုရမည်လားပင်
Chanyeol မဝေခွဲ မဆုံးဖြတ်နိုင်တော့ပါ ။
နောက်နေ့မနက် မိုးလင်းလာချိန်တွင်
Baekhyun ဘာကိုမျှ မမှတ်မိ ။

မမှတ်မိသည်လည်း ဖြစ်နိုင်သလို
မေ့ချင်ယောင်ဆောင်နေတာမျိုးလည်း ဖြစ်နိုင်သည် ။
သို့သော် Baekhyun သည် နေ့စဥ်ထနေကျအတိုင်းထ ၊
တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ပြီး မနက်စာစားမည့်
စားပွဲ၌ လာထိုင်နေသောကြောင့် မမှတ််မိသည့်
ဟန်အမူအရာမျိုးပင် ။
အရက်နာကျနေသော မျက်နှာဖောင်းအစ်အစ်နှင့်
မျက်စိပင် သေချာမဖွင့်နိုင်ပဲ လည်ပင်းကို
ကုတ်ကာ သူအမူးပြေပဲပင်ပေါက်ဟင်းရည်
ချပေးလာမည်ကိုသာ ငြိမ်၍ ထိုင်စောင့်နေသောကြောင့်
ခန့်မှန်းရ ခက်လှပါ၏ ။

' ညက ဘယ်လောက်ထိ မူးရူးနေလဲ ဆိုတာရော
မှတ်မိရဲ့လား ´

ပဲပင်ပေါက်ဟင်းရည်ကို သူ့ရှေ့ချပေးရင်း မေးတော့
Chanyeol အမေးစကားကိုပင် ဂရုစိုက်မနေအားတော့ပဲ
မြန်မြန်ဇွန်းဖြင့် ခပ်ကာ သောက်တော့သည် ။
လက်တစ်ဖက်က ဇွန်းကို ကိုင်ထားရင်း
တစ်ဖက်ကလည်း  လည်ဂုတ်တွေ ကိုက်ခဲနေဟန်
လက်နှင့် ဖိနှိပ်နေတော့ Chanyeol လည်း
ဘာမှ ဆက်မမေးနေတော့ပဲ အေးအေးသက်သာ
စားခွင့်ပေးလိုက်၏ ။

ကိုယ်ကိုယ်တိုင်လည်း ပဲပင်ပေါက်ဟင်းရည်နွေးနွေးလေးကို
မှုတ်ပြီး သောက်ရန် နှုတ်ခမ်းတွင် တေ့တုန်းပင်ရိှသေး
လတ်လတ်ဆတ်ဆတ် မနေ့ညကမှ အကိုက်ခံထားရသော
ဒဏ်ရာက ရုတ်တရက် စပ်ဖျင်းသွားရ၍ အာ့ ခနဲပင်
ညည်းညူမိရသည် ။

' ဘာဖြစ်တာလဲ အဲ့ဒါက ´

ထိုအခါမှ မျက်နှာချင်းဆိုင် ထိုင်နေသော
ကောင်လေးဆီမှ  ခပ်အေးအေးထွက်ပေါ်လာသော
စကားသံကြောင့် Chanyeol  မော့ကြည့်လိုက်တော့
သူ့နှုတ်ခမ်းကို မသိမသာ စူးစမ်းကာ ခပ်အေးအေး
ကြည့်နေသည်ကို မြင်ရ၏ ။
ဒီကောင်ကလေးက သူဘယ်လိုလုပ်ခဲ့သလဲ
တကယ်ကို မမှတ်မိတဲ့ပုံပဲ ။

' ကိုယ့်ဟာကိုယ် မတော်တဆ ကိုက်မိတာ ´

' အော် ´

Marriage   And   Love  ( Completed ) Where stories live. Discover now