Extra - 2

5.6K 524 31
                                    

Unicode

အလွန်ကို ကြီးမားခေတ်မှီလှသည့် Prive´ Company ကြီး၏ Shooting ခန်းထဲတွင် Camera မှထွက်ပေါ်လာသောအသံ တဖြတ်ဖြတ်နှင့် Flash မီးရောင်တို့က အဆက်မပြတ် နေရာယူလျှက်ရှိ၏ ။

အဖြူနောက်ခံ ပိတ်ကားပေါ်ထက်၌ ရပ်လျှက်ရှိသော
လူငယ်လေးတစ်ဦးသည် ကိုယ်နေဟန်ထား အမျိုးမျိုးပြောင်းလျှက် ဆွဲငင်အားပြင်းလွန်းလှသည့် အကြည့်နှင့် Face expression အမျိုးမျိုးကို ထုတ်ဖော်ပြသလျှက်ရှိနေသည် ။

Camera man ကလည်း ထိုညှို့ငင်အားပြင်းလွန်းလှသည့် အခိုက်အတန့်တို့ကိုမလွတ်စေရ ။

ရှုထောင့်ပေါင်းစုံမှ မှတ်တမ်းတင်လျှက် ရှိလေ၏ ။

' Okay !!!  ရပြီ ..
နောက် outfit တစ်စုံ လဲလိုက်နော် ´

Camera man အစ်ကိုက သူ့ Camera ထဲမှ ဓာတ်ပုံများက်ို ငုံ့ကြည့်ကာ စစ်ဆေးရင်း ကျေနပ်အားရစွာ တစ်ချက်ပြုံး၍ ပြောတော့ Baekhyun လည်း  Strong theme ဘက် ရောက်အောင် တင်းမာထားသော မျက်နှာထားကို လျှော့၍ ပါးစပ်မှ လေတစ်ချက်ရှူထုတ်လိုက်လေသည် ။

' အား ... ညက ဂိမ်းဆော့တာများသွားလို့ ဖြစ်မယ်
လည်ပင်းရိုးတွေ ကိုက်နေရောပဲ ´

' ကပ်ဖို့ ပလာစတာ ဝယ်ပေးရမလား ´

သူက လည်ပင်းကို ကိုင်ရင်းညည်းညူနေတော့
ဘေးက Staff အစ်ကိုက Outfit အသစ်တွေ ယူလာရင်းမှလှမ်းမေးလာလေသည် ။
Baekhyun ကတော့ ခေါင်းသာယမ်း၍ ငြင်းလိုက်ပါ၏ ။

' တော်ပြီ  တော်ပြီ ရတယ် ..
Shooting ပဲပြီးအောင် အမြန်ရိုက်လိုက်တော့မယ်
ကျွန်တော် အိမ်ပြန်ချင်နေပြီ ´

' အက်မယ် .. MD Park ကို လွမ်းရင်လွမ်းတယ်ပေါ့ ! ´

ရင်းနှီးနေတဲ့ Staff အစ်ကို က စနောက်တော့
Baekhyun လည်းပြုံးစိစိသာ လုပ်နေ၍ ဘာမှတော့ ပြန်မပြောလိုက်ပေ ။

နောက်ထပ်ရိုက်ကူးရမည့် Outfit ကိုသာ အခန်းထဲဝင်၍ အမြန်လဲလိုက်ပါသည် ။

ထို့နောက် သေချာပြန်ပြင်ဆင်ပြီးသော ပိတ်ကားထက်သို့ လျှောက်လာခဲ့လိုက်၏ ။

Camera man အစ်ကိုက camera ဖြင့် တစ်ချက်ချိန်ပြီးသည့်နောက် သဘောမကျသည့်ဟန် ခေါင်းတစ်ချက်ခါရင်း ဘေးမှ Stylist ကို လက်ညိုးထိုးကာ ခေါ်လေသည် ။

Marriage   And   Love  ( Completed ) Where stories live. Discover now