MAL - 12

5.6K 905 64
                                    

Unicode

' ဘယ်သွားမလို့လဲ ´

Sunday ရုံးပိတ်ရက် ဖြစ်တာမို့
Chanyeol ဧည့်ခန်းက Sofa ပေါ်မှာ
ဖုန်းထိုင်သုံးနေရင်းမှ  အပြင်ထွက်မည်ပြုနေသော
Baekhyun ကို မြင်သဖြင့် လှမ်းမေးလိုက်ရသည် ။

အမှန်တကယ်က မနက်အစောကြီး
ရိှသေးသည့် အပြင် Baekhyun
ဝတ်စားထားပုံက ပေါ့ပေါ့ပါးပါး မဟုတ်ပဲ
long pants အနက်နဲ့  Hoodie
အနက်နဲ့ ကိုတွဲဝတ်ထားသည့်အပြင်
အောက်က Shirt အဖြူတစ်ထပ်၏
ကော်လာကိုလည်း လည်ပင်းအပြင်ဘက်
ထုတ်ထားသေးသောကြောင့် 
သူလှမ်းမေးလိုက်ရခြင်း ဖြစ်၏ ။
ခါတိုင်းဆို Baekhyun ဘယ်သွားသွား
သူအဲ့လောက်ထိ လိုက်စပ်စုနေတာမျိုးမဟုတ်ပါ ။

ထိုကောင်လေးသည် နံရံကို လက်တစ်ဖက်ထောက်ကာ
အားယူရင်း ဖိနပ်ကို ကုန်းရုန်းစီးပြီးမှ 
သူ့ထံလှည့်ကြည့်လာပြီး ပြန်ဖြေသည် ။

' Jong In တို့အိမ်ကို ´

ထိုသို့ ပြန်လှည့်လာသည့် အချိန်တွင်
Chanyeol စိတ်ဝင်စားသည်က
ဘယ်သွားမလဲ ဆိုတဲ့အကြောင်းအရာ
မဟုတ်ပဲ  Baekhyun လည်ပင်းဆီမှ
choker ဆီသို့ ရောက်သွားရ၏ ။

Baekhyun သည် အမြဲ ဆွဲကြိုးတွေ ထူထူပတ်ပတ် Chain တွေ အမြဲဆွဲလိမ့်ရိှသော်လည်း ဒီလိုမျိုး choker ဝတ်သည်တော့ သူတစ်ခါမှ မမြင်ဖူးခဲ့ပါ ။ လက်စွပ်တွေက အမြဲ ၂ ကွင်း ၃ ကွင်းစွပ် bracelet တွေ 2 ကွင်း 3 ကွင်းပတ်ထားသည်က အမြဲလိုလို မြင်နေကြမို့ ကိစ္စမရိှပေမယ့် သ...

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

Baekhyun သည် အမြဲ ဆွဲကြိုးတွေ
ထူထူပတ်ပတ် Chain တွေ အမြဲဆွဲလိမ့်ရိှ
သော်လည်း ဒီလိုမျိုး choker ဝတ်သည်တော့
သူတစ်ခါမှ မမြင်ဖူးခဲ့ပါ ။
လက်စွပ်တွေက အမြဲ ၂ ကွင်း ၃ ကွင်းစွပ်
bracelet တွေ 2 ကွင်း 3 ကွင်းပတ်ထားသည်က
အမြဲလိုလို မြင်နေကြမို့ ကိစ္စမရိှပေမယ့်
သူငယ်ချင်းအိမ်သွားရုံလေးကို choker
ပတ်ထားတာတော့  ကြောင်တောင်တောင်နိုင်လွန်းသည် ။

' တကယ် အဲ့ဒါကြီးနဲ့ သွားမှာလား
လည်ပင်းမနာဘူးလား ´

သူ့မေးခွန်းကို ကြားတော့ Baekhyun က
ခင်များနဲ့ဆိုင်လို့လား ဟူသော ခပ်အေးအေးစူးစူး
အကြည့်ကို ကြည့်ပြီးနောက် ဘာမှ မဖြေပဲ
ထွက်သွားတော့၏ ။

Marriage   And   Love  ( Completed ) حيث تعيش القصص. اكتشف الآن