MAL - 7

5.2K 882 46
                                    

Unicode

ယနေ့ Chanyeol သည် စာရင်းတွေကို စိစစ်နေရင်းမှ
လက်က နာရီကိုသာ တကြည့်ကြည့်ဖြစ်နေသည် ။

အခြားကြောင့်တော့ မဟုတ် ၊
ဒီနေ့ နေ့လည် 11 နာရီခွဲလောက် ယူနာနဲ့အတူ
နေ့လည်စာစားဖို့ ချိန်းထားသည့် အတွက်ကြောင့်ပင်
ဖြစ်သည် ။

အခြား Company တစ်ခု၏ Marketing အဖွဲ့တွင်
အဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်နေသော ယူနာသည်
ကံကောင်းထောက်မစွာ သူနှင့် နေ့လည် ရုံးဆင်းချိန်ချင်း
တိုက်ဆိုင်နေခဲ့၏  ။

ထို့ကြောင့်  ယူနာ့ company နားက ကုန်တိုက် တစ်ခုတွင်
နေ့လည်စာ အတူစားရင်း ယူနာ စျေးဝယ်ထွက်သည်ကိုပါ
အဖော်ပြုပေးရန်  ချိန်းဆိုထားခဲ့ခြင်းဖြစ်သည် ။

ယူနာနှင့် တွေ့ရမည့် ရက်ဆိုလျှင်
အမြဲ နာရီတကြည့်ကြည့်ဖြစ်နေတတ်သော
Chanyeol ရဲ့ အကျင့်ကလေးကတော့
အသက် 22 နှစ်အရွယ်မှတိုင် ခုချိန်ထိ မပြောင်းလဲခဲ့ပါ ။

_
_
_

' ဟေးး   ဟိုမှာ သစ္စာဖောက်ကောင် ရောက်လာပြီ ´

Baekhyun ရောက်လာသည်နှင့်
တစ်ဖွဲ့လုံး ဆူညံစွာဖြင့် အုံကြွလာရုံမက
ဂျုံအင်က  အမြန်ပြေးလာပြီး ခုန်အုပ်၍
သူ့ခေါင်းကို လက်မောင်းကြားညှပ်ကာ
ကြိုဆိုသည် ။

' အား  နာတယ်ဟေ့ကောင်ရ  လွှတ် လွှတ် ´

' လွှတ်စရာလား  မနေ့က မင်း out သွားလို့
ဟိုသောက်ကြီးသောက်ကျယ်ကောင် ရှင်းဟို ကို
ငါတို့အဖွဲ့နဲ့ လာကစားဖို့ ခေါ်လိုက်ရတယ် !
သစ္စာဖောက်  သစ္စာဖောက် ´

သူ့ခမျာ ဂျုံအင်လက်မောင်းကြား ခေါင်းညှပ်၍
ဆွဲခေါ်ရာနောက် ကားယား ကားယား ပါသွားရရုံတင်မက
ခေါင်းကိုလည်း လက်ဖဝါးနဲ့ ခပ်ဆတ်ဆတ် ၂ ချက်ဆင့်
ရိုက်ခံလိုက်ရသေးတယ် ။

ဤမျှ နှင့်ပင် မပြီးသေး ၊
ဂျုံအင်က သူ့ကို ဆိုဖာပေါ် လွှတ်ချလိုက်သည်နှင့်
အခြားကောင်တွေကပါ ဝိုင်းအုံလာပြီး
လက်မောင်းကို လက်သီးနဲ့ထိုး ၊ ကျောကုန်းကိုရိုက်
လုပ်နေတာ ခံရသေးသညါ ။

' ဟမ် ? ခါတိုင်း ပွဲကောင်းနေရင် 3 နာရီ 4 နာရီမှ
သေတဲ့ကောင်က မနေ့က ဘဲကြီးစကားတစ်ခွန်းနဲ့တင်
11 နာရီနဲ့ out သွားတယ်တဲ့  !
ဟေ့ကောင်  နည်းနည်းပါးပါး ဖြေရှင်းချက်ထုတ်စမ်း ´

Marriage   And   Love  ( Completed ) Where stories live. Discover now