Unicode
' မင်းမျက်လုံးတွေ နည်းနည်းအစ်နေသလိုပဲ
အဆင်ပြေရဲ့လား ´Hotel dining room တွင် Seoul သို့
မပြန်ခင် Breakfast စားနေကြရင်းမှ
Baekhyun ၏ အနည်းငယ် မို့အစ်ချင်နေသော
မျက်လုံးများကို Chanyeol သတိထားမိသွားရ၏ ။Baekhyun က မူ အခွံခွာပြီး အသင့်ကင်ထားသော
lobster တစ်ကောင်ကို ဓားနှင့်လှီးကာ ပီပီပြင်ပြင်
စားနေရင်းမှ သူ့ကို မော့ကြည့်လာသည် ။' အစ်နေလား ?
ညက ကျွန်တော် game ဆော့တာ
အတော်ကြာသွားလို့ထင်တယ် ´ထုံးစံအတိုင်း ဘာကိုမှ ဂရုမစိုက်
အလေးမထားသောပုံနှင့် ပေါ့ပေါ့ပါးပါး
ပြန်ဖြေပြီးနောက် မျက်လွှာတွေကိုပြန်ချရင်း
ပုစွန်ကိုသာ Baekhyun အာရုံစိုက်နေလိုက်၏ ။' ညနေဘက် လေကြောင်းနဲ့မှ ပြန်ကြမလား
မနေ့ညက မင်းကိုလည်း ဘယ်မှလိုက်မပြလိုက်ရလို့လေ ´' တော်ပြီ .. ဂျယ်ဂျူးမှာ ကျွန်တော်
မရောက်ဖူးတဲ့နေရာ မရိှဘူး
ဒီတိုင်း အိမ်ပဲပြန်ချင်တယ် ´Baekhyun အသံက အင်မတန်ကို
ပေါ့ပါးနေပြီး စိတ်ပျက်လက်ပျက်အသံမျိုးလည်း
ပါမနေတာကြောင့် မနေ့ညကအတွက်
Baekhyun စိတ်ဆိုးနေသည်မဟုတ်ကြောင်း
သိလိုက်ရတော့ Chanyeol အတော်ကို
စိတ်သက်သာရာ ရသွားရသည် ။
ဒီကောင်လေးက Chanyeol နဲ့
ပတ်သတ်ပြီး ဘာမှအလေးအနက် မရိှသည့်ပုံမို့
သက်သက် စိတ်ပူမိသွားရခြင်းဖြစ်ကြောင်း
Chanyeol သိလိုက်၏ ။' ရေဘဝဲ တွေကို အများကြီး မစားနဲ့
အစာမကြေ ဖြစ်နေမယ်
ရော့ ဒါကိုစား ! ငါးအသားက အစာကြေတယ် ´Baekhyun လက်တွေက
ရေဘဝဲအစပ်သုပ်ပန်းကန်ဆီကိုပဲ
ခဏ ခဏ ရောက်နေတာမို့ Chanyeol
ဘေးဘက်မှာ ရိှနေသော ငါးကင်သံပုရာပေါင်းမှ
အသားများကို သေသေချာချာ ဖဲ့ယူပြီး
အသင့်စားနိုင်ရန် အနေအထားဖြင့်
Baekhyun ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည် ။သူ ငယ်ငယ်လေးကတည်းက
မွေးချင်းမရိှ ၊ အပေါင်းအသင်း သိပ်မမင်ပဲ
နေလာခဲ့၍လားမသိ ။
Baekhyun နှင့် အတူနေလာသော
2 လတာသည် သူ့အတွက်အလွန်ပင်
သက်တောင့် သက်သာရိှလွန်းလှ၏ ။