MAL - 20

6.3K 1K 209
                                    

Unicode

1 လဟူသော အချိန်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည် ။
ထို့နေ့က အစ်မယူနာနှင့် အချေအတင်ဖြစ်ပြီးသည့်အချိန်မှစ၍
သူနှင့် Park Chanyeol လုံးဝ မတွေ့ဖြစ်တော့ပါ ။
အဖေတို့က ပြသနာတစ်စုံတစ်ခု ရိှသလား ဟု
ဖြောင့်ဖျမေးမြန်းကြပါသော်လည်း 2 ယောက်လုံးက
ဘာမှ ဖြေရှင်းပြောဆိုခြင်းမရိှပဲ နှုတ်ဆိတ်နေခဲ့ကြ၏ ။

လွန်ခဲ့သော အပတ်က Park Chanyeol ဆေးရုံဆင်းသွားပြီဟူသော သတင်းကို ဦးလေးဆီမှတစ်ဆင့်
Baekhyun ကြားသိခဲ့ရသည် ။ အသက်မပါသော
အပြုံးဖျော့ဖျော့ တစ်ခုကို ပြုံးပြရုံကလွဲဲပြီး Baekhyun
ဘာမှ မပြောနိုင်ခဲ့ ။ ဘာရောတတ်နိုင်ဦးမလဲလေ ။
ရင်ထဲမှာ Park Chanyeol က သူ့ကိုစွန့်ပစ်သွားပြီလားဟူသော
ဝေဝေဝါးဝါး အတွေးတစ်ခုကသာ စိုးမိုးနေခဲ့ပြီး
ပျော်ရွှင်ခြင်း အလျင်းမရိှ ။ အမှန်တကယ်တော့ ဒီလိုအခြေအနကို
သူမမျှော်လင့်ခဲ့ရိုး အမှန်ပင်ဖြစ်သည် ။

မရှက်တမ်းဝန်ခံရလျှင် သူ့ကို Park Chanyeol က
ကျေးဇူးတင်စိတ်ကလေးများ ဖြစ်ပေါ်လာပြီး အနည်းငယ်နီးစပ်
သွားမလားဟုပင်တွေးမိခဲ့သေး၏ ။ ဘာကြောင့်များ
ဒီလို လျစ်လျူရှုထားနိုင်သလဲ ဆိုတာကို အဲ့လူမျက်လုံးတွေကို
သေချာစိုက်ကြည့်ရင်း မေးပစ်လိုက်ချင်ပေမယ့်  မာနကတော့
နည်းနည်းကလေးမှ ခွင့်မပြုခဲ့ပေ ။

ယခု Baekhyun အနေနဲ့လည်း ဆေးရုံတက်နေရတာ
3 လ နီးပါးရိှသွားပြီဖြစ်သည် ။
လက်ပျဥ်ရိုးက ပြန်မကောင်းသေးပေမယ့် အခြားခန္ဓာကိုယ်
အစိတ်အပိုင်း လှုပ်ရှားမှုများကိုတော့ သာမန်လူတစ်ယောက်လို
ပေါ့ပေါ့ပါးပါးလှုပ်ရှားနေနိုင်ပြီ ဖြစ်၏ ။
နောက် ၁ လ ဆေးရုံတွင် ထပ်နေ၍ ပတ်တီးဖြည်ပြီး လျှင်တော့
ဆေးရုံဆင်း၍  ရပြီဟု  ဆရာဝန်က ပြောသည် ။
သို့သော် 6 လမှ 1 နှစ်အတွင်းကတော့  လေးလံသော အရာများ
မ ခြင်း ၊ လက်ကို အပေါ်မြှောက်ခြင်း ၊  ဘေးတိုက်အပြင်းအထန်လွှဲခြင်း
များကို လုပ်နိုင်ဦးမည်  မဟုတ်ကြောင်း ဒေါက်တာက
ရှင်းပြခဲ့သေး၏ ။

အမှန်တကယ် ​ဝန်ခံရလျှင် Baekhyun အရမ်းလွမ်းနေသည် ။

သောက်ရေးမပါစွာ အချစ်ဆိုသည့် အရာနဲ့တွေ့မှ
သူ့စိတ်တွေ အကုန်လုံး ပျော့ညံ့လို့ ။
ခင်များ ဂရုစိုက်စရာ မလိုဘူး ဟု သူ့ဦးနှောက်က အော်ပြောလိုက်မည် ။
သို့သော် သူ့နှလုံးသားကတော့  Park Chanyeol
ခင်များကို လိုအပ်တယ် ဟု ဝန်ခံလိမ့်မည် ။
ခင်များမရိှလည်း ကျွန်တော်အေးဆေးပါပဲ ဟု သူ့ဦးနှောက်က
ထပ်၍ အော်ပြောလိုက်မည် ။
ဒုတိယအကြိမ်မြောက်ပင် သူ့နှလုံးသားက ဝန်ခံလာလိမ့်မည် ။
ခင်များကိုလွမ်းတယ် Park Chanyeol ...

Marriage   And   Love  ( Completed ) Where stories live. Discover now