MAL - 11

5.2K 879 94
                                    

Unicode

' ဟုတ်ကဲ့ ဦးလေး ကျွန်တော်ပါ ´

Chanyeol သည် ဖုန်းမဆက်စဖူး ဆက်လာသော
Baekhyun ရဲ့ အဖေကြောင့် စာရင်းတွေ
ရှုပ်ယှက်ခတ်နေသည့် ကြားမှ ပြန်လည်ဖြေဆိုလိုက်ရသည် ။

' Chanyeol .. မင်း Baekhyun လေးကို
လုပ်ပါဦးကွယ်  ! ခု သူ ဦးလေးနဲ့စိတ်တိုပြီးထွက်သွားတယ်
အတော်ဒေါသထွက်သွားတာမို့
တစ်ခုခုဖြစ်နေမှာကြောက်လို့ပါ ။
Baekhyun ကို ရှာပြီး နည်းနည်းချော့မော့ပေးပါဦး ။
ခုချိန် ဦးလေးနဲ့တွေ့ရင် သူပိုပြီး စိတ်တိုလိမ့်မယ်။ ´

လေသံ ခပ်ဖျော့ဖျော့ နဲ့ ထွက်ပေါ်လာတဲ့
ဦးလေးရဲ့ စကားတွေကြောင့် Chanyeol လည်း
အနည်းငယ် စ်ိုးရိမ်စိတ်ဝင်သွားရသည် ။
ဒီကောင်လေးက နဂိုကပဲ ဒေါသကကြီးနဲ့ ။
တော်ကြာ ပြသနာတွေ ဘာတွေ တက်နေပြီး
ထိခိုက် ကျိုးပဲ့ကုန်မှ ခက်ဦးမယ် ။

' ဟုတ်ကဲ့ ဦးလေး ။
ကျွန်တော် ရှာပြီး ဖြောင့်ဖျလိုက်မယ်နော် ။
ဦးလေးလည်း အရမ်းကြီး စိုးရိမ်မနေပါနဲ့ ။ ´

' အင်း ... ဦးလေးက သူ့အမေကွဲညီလေးကို
အိမ်ပေါ်ခေါ်တင်လာမိတယ် ။ သားငယ်က
လုံးဝ အဲ့ကလေးကိုအမြင်မကြည်ဘူး ။
ဦးလေးလည်း လျှို့ဝှက်ထားမလို့ပဲ
သားငယ်က မပြောမဆိုနဲ့ အိမ်ကိုရောက်ချလာတော့
ပြသနာတွေ ဖြစ်သွားတာ ။ ´

ဦးလေးက အနေရခက်နေဟန်နဲ့
အကြောင်းစုံရှင်းပြလာတော့ Chanyeol မှာ
အံ့သြသွားရသလို  ပိုပြီးလည်း ထပ်တိုး၍
စိုးရိမ်သွားရသည် ။
Baekhyun မှာ အမေကွဲညီလေး ရိှနေခဲ့တာကို
သူမသိခဲ့ ။ ဒီလို ကိစ္စနဲ့ ပြသနာဖြစ်တယ် ဆိုရင်တော့
စိတ်တိုရုံတင်မက  စိတ်လည်းထိခိုက်သွားနိုင်မှာ
သေချာ၏ ။

Chanyeol သည် တစ်ပုံတစ်ပင်ကြီးကျန်သေးသော
အလုပ်တို့ကို ပစ်ထားကာ အလျင်အမြန်ပင်
ထွက်လာခဲ့သည် ။ အချိန်က ညနေစောင်းနေပြီမို့
မှောင်သင့်သလောက်လည်း မှောင်နေပြီ ။ ကားပေါ်
ရောက်ပြီးမှ  သူဘယ်ကို သွားရမှန်းမသိ ။
Baekhyun ဖုန်းကို ၂ ကြိမ် ၃ ကြိမ်မျှ ဆက်တိုက်
ခေါ်လိုက်မိသော်လည်း ဝင်နေလျှက်နှင့် လုံးဝမကိုင်ပါ ။

Marriage   And   Love  ( Completed ) Where stories live. Discover now