MAL - 22

6.5K 988 80
                                    

Unicode

ည 9 နာရီခန့်အချိန်လောက်တွင် ဖြစ်မည် ။
VIP ခန်းမို့ ရေချိုးခန်းအတူတွဲပါသဖြင့်
မအိပ်ခင် ခြေလက်ဆေးရန် Chanyeol ဝင်လာခဲ့သည် ။
ဆေးရုံက ပေးထားသော တစ်ခါသုံးသွားတိုက်တံနှင့်
သွားတိုက် မျက်နှာသစ် ခြေလက်ဆေးပြီးသော အချိန်တွင်
ရေနွေးနွေးလေးကို အတော်အသင့်စပ်ရင်း ဇလုံကြီးတစ်ခုထဲ
ထည့်၍ မွေးပွ Towel တစ်ခုကိုပါ ပုခုံးထက်တင်ရင်း
သူပြန်ထွက်လာခဲ့၏ ။

သူအထဲ မဝင်လာခင်ကတည်းက ဒရမ်မာတစ်ခုကို
ကြည့်နေရင်း မျက်လုံးတွေ ခပ်စင်းစင်းဖြစ်နေသော
Baekhyun သည် သူရေချိုးခန်းထဲမှ ပြန်ထွက်လာတော့
အသက်ရှူသံမှန်မှန်နှင့်  အိပ်ပျော်နေပြီ ဖြစ်သည် ။

Chanyeol သည် ခပ်တိုးတိုး ရယ်လိုက်မိပြီးနောက်
​ရေနွေးဇလုံ ကို ကုတင်ဘေးထိုင်ခုံရှည်ပေါ်ချရင်း
လူကတော့ ကုတင်ပေါ် တင်ပါးလွှဲ ဘေးနားက ဝင်ကာထိုင်လိုက်၏ ။
ထို့နောက် မွေးပွ Towel လေးကို ရေနွေးနွေးလေးထဲ
အသာနှစ်ရင်း  ရေတွေကို ညှစ်ချယူလိုက်သည် ။

သို့ပြီးလျှင်မူ ဗိုက်ပေါ်အသာတင်၍ အိပ်နေသော
ဘယ်ဘက် လက်ဖဝါးသေးသေးလေး တစ်ဖက်ကို
ခပ်ဖွဖွဆွဲယူရင်း ရေနွေးဝတ်လေးနှင့် ဖြည်းဖြည်းချင်း
ပွတ်ဆွဲကာ သုတ်ပေးလိုက်၏ ။

ဖြူဖွေး သွယ်လျနေသော လက်ချောင်းကလေးများကို
တစ်ချောင်းချင်း သေချာ ပွတ်တိုက်ပေး၍
ပန်းနုရောင်သန်းနေသော လက်သည်းခွံကြည်ကြည်လေးများ
ကိုလည်း တစ်ခုချင်း သေချာ သန့်စင်ပေးနေမိသည် ။

' လက်သည်းတွေတောင် ရှည်နေပြီပဲ ´

Chanyeol သည်အသာပြုံးနေမိရင်းမှ
ခပ်သာသာ ရေရွတ်လိုက်၍ သန့်စင်ပြီးသော
လက်ကလေးကို နဂိုအတိုင်း  ဗိုက်ကလေးပေါ် ပြန်တင်ထား
ပေးလိုက်၏ ။

ထို့နောက် နောက်တစ်ဖန် ရေနွေးနွေးလေးထဲတွင်
ပုဝါက်ို နှစ်ကာ ညှစ်ချပြီး နှဖူးပြင်ပြေပြေလေးမှ စ၍
ခပ်ဖွဖွ ဖိသုတ်ပေးမိတော့သည် ။
မျက်လုံးထောင့်လေးတွေကို လက်မဖြင့် အသာအယာ
ပွတ်သပ်ပေးရုံမျှ မက နားထင်နားလေးတွေကိုပါ
ဆံပင်လေးတွေကို သိမ်းဖယ်ထားရင်း ပွတ်သုတ်ပေးနေမိ၏ ။

Marriage   And   Love  ( Completed ) Where stories live. Discover now