MAL - 18

5.5K 871 125
                                    

Unicode

ယခု အခန်းထဲတွင် Baekhyun ကို ထမင်းခွံ့နိုင်ဖို့အရေး
အဖေအပါအဝင် Jong in ရော Male nurse အချို့ရော
အတော်ပင် အလုပ်ရှုပ်နေကြသည် ။
အကြောင်းမှာကား  အရိုးဆက်ခွဲစိတ်မှုပြီးကတည်းက
ကုတင်ပေါ်ဒီတိုင်း ငြိမ်သက်စွာ လှဲနေရသော Baekhyun
ကို ခဏတစ်ဖြုတ် ထထိုင်နိုင်ရေးအတွက် လူအင်အားဖြင့်
ကူညီပေးနေရခြင်းပင် ဖြစ်၏ ။

လက်ပျဥ်ကျောရိုးသည်ကား ခန္ဓာကိုယ်လှုပ်ရှားမှုများအတွက်
အဓိက အားအင်စိုက်ထုတ်ပေးရာ အစိတ်အပိုင်းတစ်ခုမို့
ထိုအရာ ကျိုးနေသည့်အခါ  ထထိုင်ရေး လှုပ်ရှားရေးများအတွက်
Baekhyun မတတ်စွမ်းနိုင်ပေ ။ ထို့ကြောင့် အတတ်နိုင်ဆုံး
မထိခိုက်မိပဲ ထိုင်နိုင်စေရန်  ကူညီထူပေးသူများမှာလည်း
သတ်ိဖြင့်လုပ်နေရသလို လုပ်ရှားမှုမလုပ်ပဲ ငြိမ်နေရင်တောင်
နာကျင်ကိုက်ခဲနေရတဲ့ Baekhyun မှာ ဒီအချိန်မျက်နှာတစ်ခုလုံး
ရှုံ့တွ ညည်းညူလျှက်ရိှ၏ ။

' ဖြည်းဖြည်းနော် သားငယ်
အရမ်းကြီး လှုပ်ရှား မပစ်လိုက်နဲ့ ဒီတိုင်း
ထိုင်တယ် ဆိုရုံလောက်လေး အားစိုက်ထား ´

နဂိုကတည်းက သားချစ်အဖေဖြစ်သော Baekhyun၏ဖခင်မှာ
ယခုလို အခြေအနေတွင် အိမ်ပင်မပြန်နိုင်ပဲ Baekhyun ၏ လှုပ်ရှားမှုတစ်ခုစီကအစ အကုန်လိုက်ပူပန်၍ ထိန်းကြောင်းပေးနေရသည် ။

သူ့သားကလေး ဒီလို နာကျင်နေသော ပုံကိုမြင်ရသည်မှာ
တစ်ရက်ပင်မပြည့်သေးတာတောင် သူ့စိတ်တွေ မောပန်လွန်းလှ၏ ။

' ဆရာဝန်က အရိုးအားကောင်းစေတဲ့ အစားအစာတွေ
များများကျွေးဖို့ ပြောထားတယ် ..
နွားနို့ကို မကြိုက်လည်း ကြိတ်မှိတ်ပြီး သောက်နော်
ညတစ်ခွက် မနက်တစ်ခွက် သောက်ရမယ်
လာ အခု ထမင်းအရင်စားရအောင် ´

ကလေးချော့သလို ချော့မော့၍ ပြောနေသော
အဖေ့ကို Baekhyun မကြည်သလို ပုံစံမျိုးနဲ့
မျက်နှာက တည်တင်းတင်းဖြစ်နေသော်လည်း အမှန်တကယ်တော့ စိတ်ထဲတွင် အလွန်တရာကို ကျေနပ်နေမိသည် ။

နာရတာနှင့်တန်အောင် လတ်တလောလစ်ဟာနေခဲ့သော
ဂရုစိုက်မှုများကို ပြန်ရသည်ဟုပင် စိတ်ထဲတွေးလိုက်မိ၏ ။
သို့သော် သူအသက်နှင့်လဲ၍ ကာကွယ်ပေးလိုက်ရသော
တစ်စုံတစ်ယောက်ကိုကား ခုထိ မျက်နှာပင် မမြင်ရသေးပါ ။
ထိခိုက်မှုကြီးမားခဲ့တဲ့ သူကတောင် သတိရနေပြီမို့ ထိုလူလည်းသေချာပေါက်ကို သက်သာနေလောက်ပြီ ဆိုပေမယ့် ကျေးဇူးတင်စကားလေး တစ်ခွန်းတောင် လာပြောဖော်မရသည်ကား
အတော့်ပင် စိတ်ဆိုးစရာကောင်းလှသည် ။

Marriage   And   Love  ( Completed ) Where stories live. Discover now