MAL - 5

5.6K 865 85
                                    

Unicode

' MD  ဧည့်သည်ရောက်နေတယ်ဗျ ´

စာရင်းစာရွက်တွေကြားထဲ  ခေါင်းနစ်နေရင်းမှ
ဝန်ထမ်းကောင်လေး၏ အသံကြောင့်
Chanyeol ခေါင်းထောင်ကာ ကြည့်လိုက်မိသည် ။

လွန်ခဲ့တဲ့ 2 လလောက်ကမှ နိုင်ငံခြားက ပြန်ရောက်လာသော
Chanyeol သည် အဖော်လည်းမမင်သူမို့
တကူးတက လာတွေ့စရာလူ သိပ်မရိှပါ ။
စိတ်ထဲမှလည်း ဘယ်သူ့ကိုမှ ခန့်မှန်းမရတာမို့
Chanyeol ဝန်ထမ်းကောင်လေးကို
ပြန်လည်မေးမြန်းလိုက်၏ ။

' ဘယ်သူလဲ ? ´

' ဟို   အဲ့တာတော့ ကျွန်တော် မသိဘူးခင်မျ ။
အောက်ထပ်မှာ ကော်ဖီသောက်ရင်း စောင့်နေမယ်ပြောတယ် ။
မိန်းကလေး တစ်ယောက်ပဲ ။ ´

မိန်းကလေးတစ်ယောက်ဟူသော စကားကြောင့်
Chanyeol ရင်တွေ ချက်ချင်း လှုပ်ခတ်သွားရသည် ။

မဟုတ်မှလွဲရော  သူမတော့ မဟုတ်လောက်ပါဘူးနော် ။

ချက်ချင်း ခြောက်ကပ်လာသော လည်ချောင်းကြောင့်
တံတွေးကိုသာ ခဏ ခဏ မျိုချနေလိုက်ရ၏ ။

အောက်ထပ်ကို ဆင်းလာသည့်တစ်ချိန်လုံးတွင်လည်း
စိတ်ရှုပ်ထွေးမှုများ ၊ အားနာ ရှက်ရွံ့မှုများနှင့်အတူ
သူ့မျက်လုံးတွေ ဂယောက်ဂယက် ဖြစ်နေမည်မှာ သေချာသည် ။

မကြာလိုက် ...
အောက်ထပ် ကော်ဖီဆိုင်ကိုအရောက်
အကြည့်တွေ ဝေ့ဝဲကြည့်လိုက်တော့
သူ့ကို မြင်သွားသော သူမသည် ခပ်သာသာပြုံးရင်း
လက်လှမ်းပြသည်ကို မြင်လိုက်ရ၏ ။

သူ့ဆုတောင်းတွေ မပြည့်လိုက်ပါ ။
သူမ မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းခဲ့ပေမယ့်
တိုက်ဆိုင်စွာပဲ သူမဖြစ်လို့နေသည် ။
မဝံ့မရဲစိတ်တို့ကြောင့်  သူခေါင်းပင် သေချာမမော့ရဲပဲ
သူမရှေ့ကို ဝင်ထိုင်လိုက်ပါ၏ ။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်မိကြသည့်အချိန်ထိ
တော်တော်ကြာ စကားမစဖြစ်ကြသေး ။
အမှန်တကယ်တော့ ဘယ်လို စရမလဲဆိုတာ
မသိသောကြောင့်သာ ဖြစ်သည် ။

Chanyeol က အကြည့်တွေကို ရှောင်ဖယ်ရင်းသာ
မျက်တောင် တဖြတ်ဖြတ်ခတ်နေမိတော့
သူမဘက်ကသာ စ၍ ပြုံးပြကာ နှုတ်ဆက်လာသည် ။

Marriage   And   Love  ( Completed ) Where stories live. Discover now