MAL - 9

5.2K 873 104
                                    

Unicode

တစ်ပတ်လောက်အကြာတွင်
ဂျယ်ဂျူးရိှ Mall များတွင် ကုန်ပစ္စည်း
တင်ချမှုနှင့် အရည်အသွေးပြည့်ဝမှုရိှမရိှ
လက်တွေ့စစ်ဆေးရန်အတွက်
Chanyeol  စေလွှတ်ခြင်းခံရသည် ။

Baekhyun အဖေတောင်းဆိုခဲ့တဲ့ အတိုင်း
Chanyeol က အတူလိုက်ခဲ့ရန် ခေါ်တော့
Baekhyun လည်းငြင်းမနေခဲ့တော့ပေ ။
ဒီနေ့မနက်သွား၍ မနက်ဖြန်မနက်ဆို ပြန်လာမည့်
တစ်ညအိပ်ခရီးတိုလေးမို့  Baekhyun လည်း
ပေါ့ပေါ့ပါးပါး အပျော်သဘောမျိုးဖြင့်သာ လိုက်လာခဲ့၏ ။

Jong in တို့အုပ်စုတွေနဲ့  Surfing စီးရင်း
မကြာခဏ လာနေကြမို့ ဒီတစ်ခေါက်တွင်လည်း
Baekhyun  Surfing စီးရန် သက်သက်ပင်
လိုက်လာခဲ့ခြင်းဖြစ်သည် ။

1 နာရီနှင့် 10 မိနစ်ကြာချိန်ရိှသော ဆိုးလ် - ဂျယ်ဂျူး
လေယာဥ်ခရီးစဥ်တွင် Baekhyun ကလည်း
head phone တစ်ခုနှင့် သီချင်းနားထောင်၍
လိုက်လာခဲ့သလို ဟိုလူကလည်း ကုန်အတင်အချ
စာရင်းတွေက်ို ကြိုတင်လေ့လာနေခဲ့၏ ။

တစ်ဦးနှင့်တစ်ဦးသည် ဘေးချင်းကပ်ထိုင်နေသော်လည်း
ဘာမှ အဆက်အစပ်ရိှမနေခဲ့ ။
မသိရင် သူစိမ်းတွေနဲ့မခြားသလိုသာပင် ။

ဂျယ်ဂျူးသို့ရောက်သောအခါလည်း
Booking လုပ်ထားသော Hotel ခန်းထဲမှာ
နေရာချပြီးတာနဲ့  Baekhyun က
အကျီ်တွေ တန်းလဲတော့သည် ။

' မနက်ဘက်ကြီး ရေကူးမှာလား ´

' အွန်း  ခင်များက Mall တွေကို
သွားတော့မှာမလား 
ပျင်းစရာကြီးမို့ မလိုက်တော့ဘူး
ကမ်းခြေကိုပဲ ဆင်းတော့မယ် ´

Baekhyun သည် တီရှပ်အနီရဲရဲလေးကို
ခေါင်းမှဆွဲချွတ်၍  Surfing စီးရန် အနက်ရောင်
ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်နေရင်း ဖြေလိုက်၏ ။

နှစ်ယောက်လုံးက ယောကျ်ားလေးတွေမို့
ဒီလိုအနေအထားလောက်ကတော့
အနေခက်သလိုလည်း မတွေ့သလို
ရှက်လည်း မရှက်မိပါ ။

Chanyeol ထက် Baekhyun သာ
အရင်ထွက်လာခဲ့ရင်း Surfboard ငှား၍
ကမ်းခြေဘက်သို့  ဆင်းလာခဲ့တော့သည် ။

' လူတွေ သိပ်မများဘူးပဲ ။ ´

Surfboard ပေါ် ဝမ်းလျားမှောက်လိုက်ရင်း
ကမ်းခြေမှ နည်းနည်းဝေးဝေးရောက်အောင်
လက်နှင့် ရေယက်၍ ကူးနေတုန်း ပတ်ဝန်းကျင်ကိုလည်း
Baekhyun စူးစမ်းမိ၏ ။

Marriage   And   Love  ( Completed ) Kde žijí příběhy. Začni objevovat