MAL - 24

7.1K 952 107
                                    

Unicode

Chanyeol သည် အရှေ့မှ ဘောင်းဘီဒူးတိနှင့်
စကိတ်ဘုတ်ပြားကို  ဘယ်လက်နှင့်ကိုင်ထားသူကို
တစ်လှည့် ထို့နောက် ခြံရှေ့မှ ရပ်နေလျှက် သူ့ကို
သွားလေးတွေ ဖြဲဖြဲပြ၍ နေရခက်နေပုံရသော
ကောင်လေး အုပ်စုတွေကို တစ်လှည့်ကြည့်ကာ
လက်ပိုက်၍ ရပ်နေရင်းမှ သက်ပြင်းချမိသည် ။

' ဆေးရုံက ဒီနေ့မှဆင်းတယ် 
ဒီနေ့ ချက်ချင်း စကိတ်သွားစီးမယ် ဆိုတာကတော့
မဟုတ်သေးဘူးလေ ´

သို့သော် သူ့ရှေ့က  ငဂျစ်ကမူ ဘယ်လိုတားတား
နားဝင်မှာမဟုတ်သည့် ပုံနှင့် လမ်းပေါ်က
ကျောက်စရစ်ခဲလေး ၁ ခုကိုသာ ဖိနပ်ထိပ်နှင့်
ထိုးထိုးပြီး ဆော့နေ၏ ။

' မသွားရဘူး ´

' အာ  ဘာဆိုင်လို့လဲဗျာ
ဖြစ်တာကလက်လေ ! ကျွန်တော့်ခြေထောက်က
အကောင်းကြီးရိှသေးတယ် ´

' မတော်တဆ လဲရင်ရော
Baekhyun ရာ ကျေးဇူးပြုပြီး
အိမ်ထဲမှာပဲ ငြိမ်ငြိမ်နေပါကွာ   နော် ? ´

Chanyeol ၏ အသံသည် ရုတ်တရက် ချွဲသံကြီးပါလာပြီး
လက်တစ်ဖက်ကပါ  တွဲလဲချထားသော Baekhyun ၏
ညာလက်ဖဝါးကို  ဆွဲယူဆုပ်ကိုင်လာတာမို့  Baekhyun ရော
အနားမှာရပ်စောင့်နေကြတဲ့  ကောင်လေးတွေအုပ်စုရော
အားလုံး မျက်လုံးမျက်ဆန်ပြူးကာ  Chanyeol ထံ
အကြည့်ရောက်လာကြလေသည် ။

Baekhyun သည် Chanyeol လက်ဖဝါးထဲမှ
မိမိညာလက်ကာ ပြန်ထုတ်ယူရင်း ဘာပြောရ ဘာလုပ်ရမှန်းမသိ
ကြောင်တောင်တောင်နှင့်ပင်  ချောင်းဟန့်ကာ
အကြည့်တွေကိုလွှဲလိုက်ရ၏ ။

ဒီလူ  ပိုပြီးကို လက်ရဲဇက်ရဲ ရိှလာတာပဲ ။

' မ .. မစီးတော့ဘူးဗျာ
အဲ့ဒီအစား  ဒီကောင်တွေက်ိုတော့ ပြန်မလွှတ်နိုင်ဘူး
ပျင်းတယ် ´

Chanyeol သည်ထိုအခါမှ ကျေနပ်ဟန်နှင့် ခေါင်းတစ်ချက်ငြှိမ့်၍
ပြုံးကာ ကြောင်တောင်တောင်နှင့် ရပ်နေကြသော
ကောင်လေးတွေ အုပ်စုဘက် လှည့်လိုက်သည် ။

' ကဲ .. မင်းတို့လည်း မသွားကြနဲ့တော့
ညနေစောင်းနေပြီဆိုတော့  BBQ လုပ်စားရအောင်
ငါ ဝယ်ကျွေးမယ် ´

Marriage   And   Love  ( Completed ) Where stories live. Discover now