MAL - 2

6.6K 940 6
                                    


( Unicode )

သတင်းတစ်ပုဒ်အား အပြည့်အစုံ ဖတ်ပြီးသည့်နောက်
လက်ထဲ မှ Tablet ကို အိပ်ယာပေါ် ပစ်ချလိုက်ပြီး
Chanyeol မျက်လုံးများကို စုံမှတ်ထားမိလိုက်သည် ။

ရှည်လျားသော သက်ပြင်းများကို မကြာခဏ ချရင်း
မျက်နှာကို လက်ဖဝါး နှစ်ဖက်နဲ့ အခါခါ ပွတ်သပ်မိသည့်တိုင်
ဒီ အကျဥ်းအကျပ်ထဲမှ ရုန်းထွက်ဖို့ လမ်းစ မရပေ ။

ယနေ့ည ချက်ချင်းတွင်ပဲ သူနှင့် Prive' Group က
သားငယ်တို့၏ နှစ်ဦးသဘောတူအချစ်ရေးအပြင် စေ့စပ်ကြောင်းလမ်းပြီး သည့် သတင်းတစ်ပုဒ် က တက်လာသည် ။

မကြာခင် လက်ထပ်တော့မည် ဖြစ်ကြောင်း ထည့်ရေးထားသည့်အပြင် လိင်တူလက်ထပ်မှုသည်
ပြစ်မှုမမြောက်ကြောင်း သနားဖွယ်ရာ ဖွဲ့နွဲ့ထားသည်က
အစအဆုံး သူ့အဖေ၏ စီစဥ်မှုများ ဆိုတာကို ငြင်းဆန်ဖွယ်ရာမရိှ။

အရာရာ အဖေ့ သဘောကျ အဖေထားရာနေ စေရာသွားခဲ့တဲ့
ပုံစံခွက်ထဲက ဘဝ ကို ဒုတိယ​အကြိမ် သူ အကြီးအကျယ်
စိတ်ပျက်လာမိ၏ ။

သူ့ဘဝ တစ်လျှောက်လုံး အဖေသည် သူ့အပေါ်မှာ အကောင်းဆုံးအဖေ ဖြစ်ခဲ့သည် ။ အတော်ဆုံး ဆိုသည့် နေရာများကို ရယူစေသလို အကောင်းဆုံး ဆိုသည့်အရာများကိုပဲ ဖြည့်ဆည်းပေးတတ်သည် ။

သူ အထက်တန်းကျောင်းသား အရွယ် လောက်တွင်ပဲ
အမေဟာ ရောဂါကြောင့် ဆေးရုံကို အိမ်လုပ်ခဲ့ရသလို
ကုတင်ပေါ်မှ မထနိုင်သေးပဲ လူမမာ အဖြစ်သာ
တစ်ချိန်လုံး ရိှနေခဲ့ရာမှသေဆုံးခဲ့ရသည် ။

ထို ကြားကာလများတွင်လည်း အဖေဟာ နောက်အိမ်ထောင်မပြုခဲ့ ။
အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့သာ
တစ်ဦးတည်းသော သားဖြစ်သည့် Chanyeol ကို
စနစ်တကျပျိုးထောင်ခဲ့သည် ။

အဖေ က တည်ကြည်တယ် ၊ စည်းကမ်းရိှတယ် ။
ခပ်သာသာအပြုံးတစ်ခုနဲ့ ကြင်နာတတ်တယ်လို့ထင်ရတဲ့ အဖေဟာ
အပေါ်ယံ သက်သက် ဖုံးအုပ်ထားခဲ့ရုံပဲ ။
သူလိုချင်တာ ရိှရင် မရ ရအောင် ယူတယ် ။
သူ့ ပုံစံခွက်ထဲမှာ မနေရင် စွန့်လွှတ်လိုက်ဖို့လည်း ဝန်မလေးဘူး ။
အတ္တကြီးတယ် ၊ Chanyeol နဲ့ပတ်သတ်တဲ့ လောဘ ကိုလည်း
အတော မသတ်နိုင်ဘူး ။
သူ့သားဖြစ်တဲ့ Chanyeol ကို အားလုံးထဲမှာ အကောင်းဆုံး ဆိုတာမျိုးပဲ သူဖြစ်စေချင်တယ် ။

Marriage   And   Love  ( Completed ) Where stories live. Discover now