MAL - 21

6.7K 958 118
                                    

Unicode

' သူ တကယ်ပဲ ဘာတွေလာလုပ်နေတာလဲ
ခုထိ မပြန်သေးဘူးလား ´

' မပြောတတ်ဘူး ´

ဖြူလွှသော ဆေးရုံကုတင်ထက်တွင် Baekhyun ရော
Jong in ရော တင်ပျဥ်ခွေ ထိုင်လျှက်ရိှပြီး ခုထိ ဆေးရုံမှ
မပြန်သေးပဲ စားပွဲပေါ်က မုန့်ခွံတွေကို ကောက်သိမ်းလိုက်
အမှိုက်ပုံးထဲ ထည့်လိုက်လုပ်သော တစ်စုံတစ်ယောက်ကို
အကြည့်မလွှဲပဲ တစ်ယောက်နားတစ်ယောက်ကပ်၍
လေသံနှင့် တီးတိုးပြောဆိုနေမိကြ၏ ။

မနက်ကတည်းက ဆေးရုံကို ရောက်နေသော Chanyeol
သည် တစ်ခုပြီးတစ်ခု မရိုးရအောင် အလုပ်များလျှက်ရိှပြီး
ညနေ 3 နာရီလောက်မှသာ ရေချိုးမည်ဟု အိမ်ပြန်သည် ။
တစ်နေကုန် နေရခက်နေသော Baekhyun မှာ ထိုအခါမှအသက်ရှူချောင်မည် ပြင်တုန်းရိှသေး ၁ နာရီပင်မကြာ
ပြန်ရောက်ချလာပြီး ယခု 7 နာရီတီးသည့်တိုင် ပြန်မည့်
အရိပ်အချည်မတွေ့ရသေးပေ ။

' ခင်များ ညစာ မစားရသေးဘူးမလား ´

ခပ်ဆတ်ဆတ် ထွက်လာသော အသံလေးကြောင့်
Chanyeol လက်ဖဝါး နှစ်ဖက်ကို ခါနေရင်းမှ
လှည့်ကြည့်မိတော့ ကုတင်ပေါ်မှာ ပုံ့နေအောင်
ထိုင်လျှက်  သူ့ကို အထူးအဆန်းကြည့်နေကြသော
2 ကောင်သားကို မြင်လိုက်ရ၏ ။

' အင်း ... မစားရသေးဘူး ´

' ဒါဆိုလဲ ပြန်တော့လေ
နောက်ကျနေပြီ ´

သူပြောလိုက်တဲ့   မစားရသေးဘူး ဟူသောစကားကို
ကြားကြားချင်းပင်မြန်မြန်ဖြတ်၍ ပြောလာသော
ကောင်လေးကြောင့်  Chanyeol ခေါင်းအသာကုတ်၍
မျက်တောင်ကို  ပုတ်ခတ် ပုတ်ခတ်လုပ်မိသည် ။
ဘာတွေ ဖြစ်နေတာလဲ ဒီကောင်လေး ။

' ငါ .. ဒီမှာ အိပ်မှာလေ ´

' ဘာ ? ´

သူ့စကားက်ို မနှစ်မြို့ဟန် ပေါ်သော ကောင်လေးသည်
ချက်ချင်း မျက်မှောင်ကြီးကြုံ့သွားပြီး
မျက်နှာကို  ဘေးဘက် လွှဲချသွား၏ ။
ထို့နောက် ချက်ချင်းဆိုသလိုပင် ခပ်တည်တည်နှင့်
သူ့အား ပြန်မော့ကြည့်လာသည် ။

' မလိုဘူး    ပြန် ။
ကျွန်တော် တစ်ယောက်တည်း အိပ်နိုင်တယ်
Jong In ကလည်း ညနက်ထိ စောင့်ပေးပြီးမှ
ပြန်တာ  ခင်များနေပေးစရာမလိုဘူး ´

Marriage   And   Love  ( Completed ) Where stories live. Discover now