MAL - 3

6.2K 1K 31
                                    

Unicode

Baekhyun သည် luggage တစ်လုံးကို ဘေးမှာထောင်ထားရင်း အိမ်ရှေ့မှာ ရပ်နေဆဲ ဖြစ်သည် ။

ထုံးစံအတိုင်း အနွေးထည် လက်ရှည် အဖြူထက်မှာမှ အနက်ရောင် Tee shirt ပွပွကြီး တစ်ထည်ကို ထပ်ဝတ်ပြီး  အကျီ်လက်ရှည်အဖြူ၏ ကော်လာကိုမူ လည်ပင်းအပြင်ထုတ်ထား၏ ။
ဒူးအတိသာ ရိှသည့် pants အနက်ရယ် ခြေသလုံးထိရှည်တဲ့
ခြေအိတ်အနက်ကို shoes နှင့်တွဲဖက်ဝတ်ဆင်
တတ်တာရယ်ဟာ သူရဲ့ ပင်ကို Style လို့ပင် ဆိုရမည် ။

လည်းပင်မှာ ကြိုးမျှင်မျှင်ရှည်ရှည်နှင့်
အပေါင်းလက္ခာဆောင်သော ဆွဲကြိုးတစ်ကုံး ၊ ထို့နောက်
white gold ကြိုးအထူနှင့် ​လည်ဆွဲအတိုတစ်ကုံးကိုတွေ့ရသည် ။
နားရွက်တစ်ဖက်တွင်တော့  စိန်တစ်ပွင့် နားကပ်လေးကို သံကြိုးမျှင်လေးနှင့်တွဲလျှက် တစ်ဖက်စွန်းကိုတော့ နားရွက်အထက်နားလေးတွင် အဆုံးသတ်ကာ
ဝတ်ဆင်ထားလေသည် ။

ဘယ်ဘက်က ကြည့်ကြည့် သူ့ဟာ accessory တွေကို
ကြိုက်နှစ်သက်တဲ့ ဂျစ်ကန်ကန် ခေတ်ဆန်ဆန် လူငယ်လေး
တစ်ယောက်ဆိုတာ သေချာသိနိုင်သည် ။

မကြာမီပင် ခြံဝန်းထဲ ဝင်လာသော
Mercedes Benz ကားကြီးအားကြည့်ရင်း နှုတ်ခမ်းတစ်ချက်မဲ့၍ အကြည့်လွှဲပစ်လိုက်၏ ။

ဒီဘိုးတော်က လူတင်မဟုတ်ဘူး ကားလည်းပုံတုံးတုံးကြီးကို
ရွေးတတ်ပါပေတယ် ။
ဖေဖေ ပြောထားတဲ့အတိုင်းဆို  29 နှစ်ဆိုတာ အဲ့လောက်ကြီးသေးတဲ့အရွယ်မှ မဟုတ်ပဲ ။
ဘာကိစ္စကြောင့် အဘိုးကြီး Zone ထဲက မထွက်နိုင်ပဲ
ခြေအစ ခေါင်းအဆုံး ဣနြေကြီးတစ်ခွဲသားနဲ့ ဖြစ်နေရပါလိမ့်။
လုံးဝ သူနှင့် ကီးကိုက်မည့်ပုံ မဟုတ်ပါ။

ကားက သူ့ရှေ့တွင် ရပ်လိုက်ပြီးသည့်နှင့်
အထဲမမြင်ရအောင် နက်မှောင်နေသည့် ကားမှန်တွေက
တဖြည်းဖြည်းကျ လာသည် ။
အထဲက မျက်နှာတင်းတင်းနှင့် သူ့အမျိုးသားဟူသော
တစ်ယောက်သည်  အထဲလာဟူသော မျက်နှာပေးနှင့်
မေးဆတ်ပြသည်မှာက လုံးဝအချ်ိုးမပြေ ။
သူ့လက်ထဲက luggage ကြီးကို မမြင်တာလား ၊
မမြင်ဟန်ဆောင်တာလားပဲ ။

' ဟေ့လူ .. ဒီမှာ luggage ကို မမြင်ဘူးလား ။
နည်းနည်းပါးပါး ကူထည့်ဦးလေ ။
ခင်များကားစုတ်ကြီးကို  ကျွန်တော်မလုပ်တတ်ဘူး
လာ ဆင်းခဲ့  ´

Marriage   And   Love  ( Completed ) Where stories live. Discover now