For Zawgyi
အဆက်မပြတ်ကျနေသော ဆီးနှင်းများကြောင့်
ပြတင်းမှန်အပြင်မှ ပင်လယ်အခြေအနေကို SeokJinတွက်ဆ၍မရ..။ခြုံထားသော ချည်ထည်စောင်ကြီးကိုရင်ဘတ်နားဆွဲစေ့လိုက်ရင်း တံခါးလက်ကိုင်ဘုကိုလှည့်ကာအပြင်ထွက်လာခဲ့သည်။
Namjoonရှိရင်မျက်မှောင်ကြီးတွန့်ချိုးလျှက်ပွစိပွစိရေရွတ်နေပေလိမ့်မည်။
ညနေငါးနာရီမျှသာရှိသေးသော်လည်း ဆီးနှင်းထုကြောင့် ပတ်ဝန်းကျင်ဟာ မှိန်ပြပြ အလင်းလဲ့လဲ့..။
ခြံထောင့်ကဓာတ်မီးတိုင်လေးလင်းစေရန် Seokjinမီးခလုပ်တွေကိုစမ်းကာသွားဖွင့်လိုက်သည်။"အဖိုး"
"ဗျာ့ "
"ကျွန်တော့်ကို ခနလောက်အိမ်ထဲဝင်ခွင့်ပေးပါလား?လာခေါ်တဲ့ကားက နှင်းတွေကြောင့်လမ်းပိတ်နေလို့တဲ့"
မျက်နှာပြင်တစ်ခွင်လုံးဖြူစွတ်စွတ်ဖြစ်နေရှာသည့် ထိုကလေးငယ်ကို သူသနားစွာကြည့်လိုက်ရင်း ကိုယ်ပေါ်မှစောင်ကိုဖယ်ကာ လွှားခြုံပေးလိုက်သည်။
"မင်းကွာ..ကဲ လာလာ
ခဲသေနေမယ်"အိမ်ထဲသို့လူစိမ်းတွေမခေါ်နှင့်ဟုNamjoonမှာထားသော်လည်း သူလွန်ဆန်လိုက်မိပြီ။
Namjoonသာဆိုရင်လည်း ဥပေက္ခာ ပြုနိုင်လိမ့်မည်ဟုသူမထင်ပါ။"ကော်ဖီလေးသောက်အုံး"
မီးလင်းဖိုလေးထဲထင်းတွေပစ်ထည့်ရင်း ကော်ဖီမှုန့်ဗူးနှင့်ဓာတ်ဘူးကိုချပေးလိုက်သည်။
ကောင်လေးက ကင်မရာလေးဘေးချကာ အိမ်ထဲသို့လှည့်ပတ်ကြည့်ရင်း ပြုံးသည်။"အဖိုးအိမ်လေးက ကဗျာဆန်လိုက်တာနော်"
အိမ်နံရံပေါ်တွင်ချိတ်ထားသော မြောက်မြားစွာသော သူ့ပုံတွေကိုကြည့်ကာ SeokJinပြုံးမိသည်။
"တကယ်..အပြင်ကဓာတ်မီးတိုင်လေးရယ် ခုံတန်းလေးရယ် နှင်းတွေကြားမှာသိပ်လှတာပဲ..
ကျွန်တော်သိပ်ကြိုက်တယ်""ဓာတ်ပုံဆရာလား"
မီးလင်းဖိုရှေ့မှထကာ SeokJinထိုကောင်လေးရှေ့ဝင်ထိုင်ရင်းမေးလိုက်သည်။
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...