25

4.8K 684 38
                                    

For Zawgyi

နေ့လည်​အတန်းချိန်​ပြီးသည်​နှင့်
အလိုလိုလှစ်​ဟာ လာ​သော ဗိုက်​ကိုဖြည့်​ရန်
Namjoonတို့နှစ်​​ယောက်​ Canteen သို့မ​ပြေးရုံတစ်​မယ်​ထွက်​လာခဲ့ကြသည်​...

"ဆရာမကွာ..​နေ့တိုင်းဒီလိုသာသင်​​နေမယ်​ဆိုရင်​​တော့ ဒုက္ခ ပါပဲ"

ခြေလှမ်း​တွေကိုအရှိန်​တင်​လိုက်​ရင်း
Seok Jinက မ​ကျေမလည်​​လေသံတစ်​ဝက်​စိတ်​ညစ်​​သောအသံတစ်​ဝက်​နှင့်​ ဆိုသည်​...

"သင်​ရမှာ​တွေမြန်​မြန်​ပြတ်​​တော့​ကောင်းတာပဲ​လေ...15မိနစ်​​လောက်​ပိုသင်​ရတာ​လေးကို "

စကားနပန်းနှယ်​သူကပြန်​လည်​ဘက်​လိုက်​​ချေပ​လိုက်​​တော့ ​​ဘေးကလူသား ရူးရူးရှားဖြစ်​ကုန်​​လေပြီ...

"ဘာ15မိနစ်​လဲ..နာရီဝက်​ကို သုံး စက္ကန့်​စွန်းတယ်​..."

".​စာ​ကို​တော်​​တော်​စိတ်​ဝင်​စားခဲ့ပုံပဲ"

နှစ်​​ယောက်​သား စရင်းဆဲရင်း နှင့်​ပင်
canteenရှိရာကို​ခြေချမိခဲ့ကြသည်​...
အစားအ​သောက်​များကိုယူပြီးသည်​နှင့်​​ချောင်​ကျကျသစ်​သားခုံတန်း​လေးကို​ရွေးကာ ​နေရာယူလိုက်​ကြသည်​...

"Mo Ji yoon​တောင်​မ​တွေ့တာကြာပြီ"

ဟင်းရည်​ကိုတစ်​ချက်​မှုတ်​​သောက်​ရင်း အဆက်​အစပ်​မရှိစွာ Seok Jinကဆိုလာ​သော​ကြောင့်
သူမျက်​ခုံးပင့်​ကာကြည့်​လိုက်​သည်​...

"​တွေ့ချင်​ရင်​သွား​ခေါ်​ပေးရမလား?"

သူ့အ​ပြောကိုဘယ်​လိုထင်​သွားသည်​ရယ်​မသိ လက်​တစ်​ခါခါနှင့်​ယမ်းပြရင်း ရယ်​သည်​...

"​​ဟေး..ငါ​ပြောတာ​လေးဆုံး​အောင်​နား​ထောင်​"

Namjoonလဲသူ၏က​လေးဆန်​သွား​သောအ​ပြောကိုသတိရကာ ထမင်းကိုသာငုံ့မဲစားလိုက်​သည်​....

"သူ့ကိုငါဟို​နေ့က Min jaeနဲ့တွဲ​နေတာ​တွေ့လိုက်​လို့.."

Namjoonတူကိုင်​​နေ​သောလက်​တို့ရပ်​တန့်​ကုန်​သည်​...တကယ်​ပဲလားဟူ​သောအကြည့်​နှင့်​ ​ရှေ့ကSeok jinကိုပြန်​ကြည့်​​တော့ မျက်​လုံးကိုဝင့်​ပြရင်း​ခေါင်းညိမ့်​သည်​...

Hey Bro!Where stories live. Discover now