24

4.9K 679 64
                                    

For Zawgyi

အ​အေးဓာတ်​က ယခုရက်​ပိုင်းအတွင်းတွင်​ ​တော်​​တော်​​လေးအကဲပိုလာသည်​...
မနက်​ခင်းဆိုမြူ​ခိုး​ဝေကာ ​ဖွေး​လွလွနှင်းဆုပ်​က​လေးများ တဖွဲဖွဲ ကျ​နေကြ​လေ၏..

အ​အေးပိုလာမှု​ကြောင့်​ အဖွားတို့အား
ဂရုစိုက်​ပြုစုရန်​ အ​မေနှင့်​အ​ဖေ က အီဆန်​သို့ မ​နေ့ကပင်​ သွားကြသည်​...

ခေါက်​ဆွဲဗူးတစ်​​ငွေ့​ငွေ့ကိုမှုတ်​​သောက်​ရင်း Namjoonပျင်းရိ​လေးတွဲ့စွာ အပြင်​ဘက်​မှနှင်းများကို ​ငေးကြည့်​မိသည်​...

ဒါပထမဆုံးနှင်း​တော့မဟုတ်​​တော့...
ဘယ်​တုန်းကပထမဆုံးနှင်းကျလဲသူမသိလိုက်​​ချေ.....

ထိုပထမဆုံးနှင်းအ​ကြောင်းမှအစပြုကာ သူ့စိတ်​​တွေက လွန်​ခဲ့​သော အတိတ်​ကာလဆီကိုပြန်​လည်​အလည်​ပတ်​​ရောက်​ရှိသွား၏..

မှတ်​မှတ်​ရရ ထို​နေ့က ညခင်းပိုင်း အချိန်​..
Seok Jinနှင့်​ သူ ​Ji yoonကိုလိုက်​ပို့ခဲ့ပြီး သူ့အိမ်​ရှိရာသို့လမ်း​လျှောက်​ပြန်​လာ​သောအချိန်​ဖြစ်​သည်​...

ထိုအချိန်​တွင်​တိုက်​ဆိုင်​စွာပင်​ ပထမဆုံးနှင်း မြူမှုံတို့နှင့်​ ဆုံဖူးခဲ့၏...
အ​တွေးကဗျာဆန်​​သောNamjoonက

"ဟား..ဒါပထမဆုံးနှင်းပဲ..Seok Jinကြည့်​စမ်း"

"​အေး..နှင်းပဲ"

တုံးတိ​ဖြေလိုက်​​သောစိတ်​ပါဝင်​စားမှု မရှိ​သောထိုအသံကို Namjoonသ​ဘောမကျလှ​သော​ကြောင့်

"ဒါဒီနှစ်​ရဲ့ ပထမဆုံးနှင်း​နော်​ ​ဟေ့​ကောင်​"

"​အေး​လေ...ဘာဖြစ်​တုန်း ပထမဆုံးဆို​တော့
ပြီးရင်​ ဒုတိယ​တွေ တတိယ​တွေလာအုံးမှာပဲ..
နှင်းကနှင်းပါပဲကွာ..ဘာ​တွေထူးဆန်းစရာပါလဲ"

"မင်း​ပြောတာလဲ ဟုတ်​သလိုလိုရှိသား.."

ထိုအချိန်​မှစကာ သူပထမဆုံးနှင်းကျချိန်​ကိုမ​မျှော်​တတ်​​တော့တာထင်​သည်​....ပြန်​​တွေးကြည့်​​တော့ စိတ်​ကရယ်​ချင်​လာသလိုလိုပင်​..
ထိုကတည်းကSeok Jinစကား​လေးတစ်​ခွန်း​က သူ့အ​ပေါ်လွှမ်းမိုးနိုင်​ခဲ့တာပင်​...
.
.

Hey Bro!Where stories live. Discover now