14

5K 710 35
                                    

For Zawgyi

Namjoon​သောက်​လက်​စ အ​အေး လည်​​ချောင်းတွင်​ တစ်​သီးသွားရကာ ဦး​ခေါင်းထိပင်​မွှန်​သွား၏...သူအခုဘာကြားလိုက်​တာလဲ?

"အဟွတ်​ အဟွတ်​..ဘာ​ပြောတယ်​? "

"ငါ...ကျစ်​..မဟုတ်​​တော့ဘူးကွာ"

Seok Jinကစကားတစ်​ခုခုဆက်​​ပြောရန်​ပြင်​ပြီးမှ အ​နေရခက်​သည့်​ဟန်​ဖြင့်​ တစ်​ဖက်​သို့လှည့်​သွား​လေသည်​...
အခုသူတို့ကြားမှာရှိ​တော့သည်​ကား ​အေးစက်​​သော​လေထုထည်​တစ်​ခုသာ...

"မင်း..​သောက်​လာတာလား?"

တိတ်​ဆိတ်​မှုကို Namjoonစတင်​ဖြိုခွင်းလာသည်​..​ကျော​ပေးထား​သော Seok jinကိုယ်​က ရယ်​လိုက်​ဟန်​ဖြင့်​ တစ်​ချက်​​တော့ တွန့်​သွားသည်​....

"ငါ မူး​နေတဲ့ပုံ​ပေါက်​လို့လား.."

သေချာ​ပေါက်​ Seok Jinပုံစံကမူး​နေသည့်​ပုံမ​ပေါက်​ပါ....ဒါဆို မမူးပဲနှင့်​ ထူးထူးဆန်းဆန်းစကား​တွေက ဘယ်​က​နေဘယ်​လို​ပြောထွက်​လာရပါသနည်း...? ထိုမျက်​နှာပူစရာအ​ခြေအ​နေကို Namjoon​ရှောင်​လွှဲချင်​သည်​မို့ စကားလမ်း​ကြောင်း​ပြောင်းဖို့ကြိုးစားလိုက်​သည်​...

"ထားပါ..မင်းဘာလို့ပြန်​လာတာလဲ"

Seok Jinမ​ဖြေပဲ သက်​ပြင်းတစ်​ချက်​ကိုသာရှိုက်​လိုက်​သည်​ကို​တွေ့ရသည်​...ထိုအချိန်​ သူတို့ရှိရာအ​အေးစက်​ နားသို့ အ​အေးလာ​သောက်​ကြ​သော ​ကျောင်းသူနှစ်​ဦး​ကြောင့်​ ကိုယ်​ကိုတိမ်းကာ​ရှောင်​လိုက်​ရင်း Seok Jinလက်​ကိုလှမ်းဆွဲကာ တစ်​ဖက်​သို့​ခေါ်လာခဲ့သည်​...

ဂီတခန်းအနီးနား​လေးဖြစ်​၍ လူသွားလူလာလဲမရှိပဲ မီးတို့ကလည်းခပ်​မှိန်​မှိန်​သာရှိသည်​...
ထို​နေရာတွင်​ သူတို့နှစ်​​ယောက်​ မျက်​နှာချင်းဆိုင်​ရပ်​​နေရခြင်းက အနည်းငယ်​ ​ကြောင်​​တောင်​​တောင်​ နိုင်​၏...

"Namjoon...မင်းလည်းရိပ်​မိတယ်​မှလား"

Seok Jinကမျက်​လုံးကို ​တစ်​ဖက်​သို့ကြည့်​ရင်း စကားတစ်​ဖန်​ပြန်​စလာသည်​....

Hey Bro!Where stories live. Discover now