For Zawgyi
နေ့လည်စာစားချိန်ဖြစ်၍ ကျောင်းcanteenတွင် လူကျလျှက်ရှိသည်..ထို့ကြောင့် Namjoonထိုင်ရန်မစဉ်းစားတော့ပဲ ဘာဂါတစ်လုံးကိုနှင့်အအေးကိုသာဝယ်လိုက်ကာ အမြန်ပြန်ထွက်လာခဲ့၏..
""ဟေး Namjoon! အတန်းထဲသွားတော့မလို့လား"'
ခပ်လှမ်းလှမ်းကအော်မေးလာသော အတန်းထဲမှသူငယ်ချင်းအုပ်စုအား ပြုံးကာခေါင်းညိမ့်ပြရင်းလက်ထဲကမုန့်ထုတ်တွေကိုမြှောက်ပြလိုက်သည်...
ထို့နောက် သွားရန်အပြင် သူရှိရာလျှောက်လာသော Ji yoonနှင့် Seok Jinအားတွေ့လိုက်ရသည်...""နင်တစ်ယောက်ထဲ လာစားတယ်ပေါ့လေ..ပေး"'
Ji yoonကအနားရောက်လာသည်နှင့် သူ့လက်ထဲကဘာဂါကိုလှမ်းဆွဲယူလို်က်ပြီး စသည်...
Seok Jinကတော့ဘာမှမပြောပဲ canteenကိုတစ်ချက်လှမ်းကြည့်ကာ...""လူတွေရှုပ်တယ်..Mo ji yoon!အပြင်ပဲသွားစားကြစို့"'
Ji yoonမျက်နှာလေးလင်းခနဲဖြစ်သွားကာ ခေါင်းကိုတရစပ်ညိမ့်ရင်း သူ့ဆီဘာဂါပြန်ပေးလာသည်.
""Namjoon!မင်းရောလိုက်မှာမှလား"'
Seok jinကသူ့ထံအကြည့်မရှိပဲ မေးလိုက်သည်..
Namjoonခေါင်းခါလိုက်ရင်း Ji yoonခေါင်းကိုပုတ်ကာ""တော်ပြီ!ငါ ချိန်းထားတာရှိလို့..သွားပြီနော်"'
ခြေလှမ်းကျဲကြီးများဖြင့်လှမ်းကာ ထွက်သွားသော Namjoonကို seok jinတစ်ချက်စောင်းကြည့်ရင်း ဒေါသတွေဆူပွက်လာရသည်...
ဒီကောင်သူ့ကိုရှောင်နေတာ သတိထားမိသည်..
နေ့လည်စာစားချိန်တွေဆိုအရင်ထွက်သွားတတ်သည်
ကျောင်းဆင်းချိန်ဆိုလည်းသူ့ကားနှင့်လိုက်ချင်မှလိုက်၏
သူ့ကိုမေးလိုက်လျှင်အကြောင်းပြချက်တစ်ခုပေးမြဲ...""Seok Jin သွားမယ်လေ"'
Ji yoonကသူ့ပုခုံးကိုတို့ကာသတိပေးတော့မှ သူအတွေးတို့ထဲမှ လွတ်လာ၏..
""Canteen ကလူရှင်းနေပြီပဲ..ဒီမှာပဲစားရအောင်"'
""နင်ကလဲ...အင်းပါ.."'
မှုန်ကုပ်နေသော ji yoonကို ဥပေက္ခာ ပြုကာ သူအရင်ဝင်လာခဲ့၏...စိတ်ထဲကတော့တစ်ခုခုကိုအလိုမကျစွာတင်းကြပ်နေပါ၏...
.
.
.
.....................................
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...