7

5.5K 770 73
                                    


သစ်ရွက်ဝါတို့လေအဝှေ့ တွင် သဘာဝကိုမလွန်ဆန်နိုင်စွာ မြေပြင်သို့သက်ဆင်းနေချိန်...

ရော်ရွက်ဝါတို့ဖြင့်အတိပြီးသော လမ်းလေးက လှပသလောက်လွမ်းဆွတ်မှုဟူသော ခံစားချက်ကိုလည်းပေးစွမ်းနိုင်၏...

"Ji yoon"'

သူတိုးတိတ်စွာခေါ်လိုက်တော့ နဘေးမှ ချစ်စဖွယ်သူမက မျက်နှာလေးမော့ကာ ကြည့်ချေသည်...
ရွှန်းလဲ့နေသောမျက်ဝန်းလေးတွေက Seok Jinပြောသလို မာယာတွေနှင့်ပြည့်နေတာတော့မဟုတ်...
ပကတိဖြူစင်ရိုးသားစွာ.....

""နင်.....ငါ့ကိုဘယ်လိုမြင်လဲ"'

Ji yoonခေါင်းလေးတစ်ချက်ငုံ့သွားကာ ခပ်ညင်းညင်းရယ်သွေးသွမ်းသည်...လှောင်သံတော့မဟုတ်ပါချေ...

""Namjoonရယ် နင်နဲ့ငါကြားကအမြင်တွေလိုလို့လား?ငါတို့ကငယ်ငယ်ကတည်းကပေါင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေပဲလေ "'

သူခါးသက်စွာရယ်မိသွားသည်...
သူမအတွက်Namjoonဟာ ငယ်သူငယ်ချင်းတစ်ယောက်သာ...မပိုလည်းမပိုလျော့လည်းမလျော့...

တိတ်ဆိတ်စွာလျှောက်လာကြရင်း Ji yoonတို့လမ်းထိပ်ရောက်လာကြ၏..

""ခန Ji yoon"'

သူJi yoonခေါင်းပေါ်ကသစ်ရွက်လေးကိုဖယ်ပေးလိုက်ပြီး ဆံပင်လေးကိုပြန်သပ်ပေးလိုက်သည်..

""ကျေးဇူး Namjoon"'

Ji yoonထွက်သွားသော Namjoonကျောပြင်ကိုငေးရင်း ရင်ဘတ်ဆီကရှိန်းမြမှုကစတင်လာသည်..
Namjoonကသူမကိုအနားလည်ပေးနိုင်ဆုံး..
ဂရုအစိုက်နိုင်ဆုံးသူ.....သွေးအေးသော Seok Jinကြောင့်နာကျင်ရသော နှလုံးသားဒဏ်ရာကို Namjoonအကြင်နာတွေဖြင့် ကုစားချင်လှသည်...
သို့သော် သူမNamjoonကိုမချစ်...!
.
.
.......................

Jin လက်ထဲကပိန့်ရှုံ့နေသော ဘီယာဗူးကိုတစ်ချက်ညှစ်လိုက်ရင်း အခန်းထောင့်ဆီပစ်ပေါက်လိုက်သည်...
တိတ်ဆိတ်သောညတွင်ထိုအသံက ဗုံးတစ်ခုပေါက်ကွဲသလိုမြည်ဟီးထွက်သွားပေမဲ့ ဆူပူမည့်သူမရှိ..

အိပ်ယာပေါ်သို့လှဲချလိုက်ရင်း တစ်ခုခုလစ်ဟာနေသည့်နှလုံးသားကိုဖိထားလိုက်သည်...မျက်လုံးကိုစူးထိုးနေသော မီးဆိုင်းပန်းဆွဲ ၏အလင်းရောင်ကိုလက်နှင့်ကာလိုက်ရင်း နှုတ်ဖျားက ခပ်တိုးတိုးရယ်မိ၏...

Hey Bro!Where stories live. Discover now