ည၏မသေသပ်သော မဟူရာအလှကအရိုင်းဆန်စွာ တောက်ပရွှန်းစိုနေသည်..
စာမေးပွဲကာလဖြစ်၍ ထိုညအမှောင်ကိုအံတုကာ လှုပ်ရှားအသက်ဝင်နေဆဲဖြစ်သော ကျောင်းကြီးက ကြယ်တစ်ပွင့်နှယ်တောက်ပနေသည်.Seok Jinမနှစ်သက်ဆုံးအလုပ်ကိုပြပါဟုဆိုလျှင် အခုလိုမျိုး လူသူသူသံဆူဆူညံဖြင့်စာကြည့်ရခြင်းကိုပင်လက်ညိုးထိုးပြရမည်...
အခုလည်း သူထိုင်၍သာနေကာအပျင်းပြေစာရွက်လျှောက်လှန်ရုံမှတစ်ပါး ဘာမှမလုပ်ချေ..သူ့ရှေ့ကNamjoonကတော့ စက်ရုပ်ကြီးတစ်ရုပ်လို ထသွားလိုက် ပြန်ထိုင်လိုက်နှင့်အလုပ်ရှုပ်နေသည်...
သူ့အတွက်က အေးအေးဆေးဆေးအောင်ရုံလောက်နှင့်သာဖြတ်သန်းနိုင်ပါသော်လည်းNamjoonကတော့မတူ....
Namjoonကရည်ရွယ်ချက်ကြီးပြီး မာနလည်းကြီးသည်...သူ့ရည်ရွယ်ချက်ကို ရေရေလည်လည်ထုတ်မပြသော်ငြား အမြဲပင်အလေးအနက်ထား လုပ်တတ်သည်....
Seok Jinစာမလုပ်ပဲအတွေးထိုင်ပွားနေတုန်း Namjoonကဖုန်းလေးကောက်ကိုင်ကာထသွားလေ၏....
သူသတိထားမိသော်လည်း လိုက်မသွားဖြစ်ပဲ ပေကပ်ကပ်နှင့်ထိုင်နေလိုက်သည်..မကြာပါ..Namjoonပြန်ဝင်လာသည်..
သူ့နောက်တွင်လည်းပြုံးဖြီးဖြီးနှင့်
Mo ji yoonပါလာလေ၏...Namjoonကသူ၏ဘေးမှလွတ်လပ်နေသောခုံအား လက်ညိုးထိုးကာ Ji yoonအားထိုင်စေလိုက်ပြီး Seok Jinစားပွဲကိုလက်ဆစ်ဖြင့်တစ်ချက်ခေါက်လိုက်သည်..
"Seok Jin!မင်းပြန်တော့မှာလား"
သူဘောပင်ကိုလက်ဖျားထိပ်တွင်ဆော့ကစားရင်း Namjoonကိုပြန်အမေးထုတ်လိုက်သည်..
"ဘာလို့လဲ"
Namjoonကခေါင်းကိုတစ်ချက်စောင်းကာMo ji yoonဘက်သို့ညွှန်လိုက်ပြီး လေသံခပ်အေးအေးလေးနှင့်ပင်...
"Ji yoonကပြန်ချင်လို့တဲ့..
ညကလည်းနက်နေပြီလေ..
မင်းပြန်မယ်ဆိုရင်သူနဲ့အတူတူပြန်ပါလား"
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...