21

5K 720 64
                                    

For Zawgyi

ည​နေ​မှောင်​ရီပျိုးစအချိန်ကို Namjoonသိပ်​ကြိုက်​သည်​...ညို​ဖျော့​ဖျော့​ကောင်းကင်​တွင်​ ပန်းနု​ရောင်​တိမ်​မျှင်​အချို့ ယှက်​​ပြေးလျှက်​ ထွက်​ပြူစလမင်းကိုနှုတ်​ဆက်​​နေကြသည်​.....

အချိန်​ပိုင်းအလုပ်​လုပ်​​သော ​ကော်​ဖီဆိုင်​မှအပြန်​တွင်​​တော့ သူအ​တော်​​လေးဗိုက်​ဆာ​နေခဲ့ပြီဖြစ်​သဖြင့်​ ထိုအလှအပ​တွေကိုသိပ်​မခံစားနိုင်​​တော့..အိမ်​မြန်​မြန်​ပြန်​​ရောက်​ဖို့သာ ​ခြေလှမ်း​တွေကိုအ​သော့နှင်​​နေရ​တော့​လေသည်​....

ထိုစဉ်​ အိတ်​ကပ်​ထဲမှဖုန်း​လေး၏ တုန်​ခါမှု​ကြောင့်​ သူခနမျှရပ်​ကာ ဖုန်းကို​ကိုင်​လိုက်​သည်​...

"​ဟေး..မင်းဘယ်​မှာလဲ"

"လမ်း​ပေါ်မှာ"

အသံရှင်​ကိုဘုက​​ဘောက်​​ဖြေပြီး​နောက်​ သူတိုးသက်​စွာပြုံးလိုက်​မိသည်​...
တကယ်​လို့ သူ့ချစ်​သူ သာမိန်းက​လေးတစ်​​ယောက်​ဆိုလျှင်​ ဒီအ​ဖြေက စိတ်​ဆိုးနိုင်​စရာပင်​...

ချစ်​သူ..?ဒီစကားကအနည်း​ငယ်​​တော့စိမ်းသက်​​နေ​သေးသလိုပင်​...

"ဒါဆို အဲ့လမ်း​ပေါ်က​နေ ​ရှေ့ဆယ်​လှမ်း​လောက်​​လျှောက်​ခဲ့"

တစ်​ဖက်​ကစကားသံ​ကြောင့်​ သူ​ရှေ့ကို ကြည့်​လိုက်​​တော့ ဖုန်းကို​​ဝေ့ယမ်းပြ​နေ​သော Seok Jinကို​တွေ့လိုက်​ရသည်​...
ဘာလို့မှန်းရယ်​မသိ ထိုခံစားချက်​လးက နူးညံ့ ညင်​သာလွန်းလှသည်​....

တွေ့ချင်​​နေသည့်​အချိန်​မှာ ဘွားခနဲ​တွေ့လိုက်​ရလို့ပဲလား​။..ချက်​ချင်းပင်​​ပြေးသွားကာ ဖက်​လိုက်​ချင်​စိတ်​ဖြစ်​မိသည်​အထိ..သို့​သော်​ သူ​ခြေလှမ်
းခပ်​မှန်​မှန်​သာ ​လျှောက်​သွားခဲ့လိုက်​​လေသည်​..

"ဘာလဲဟ..ဘာလာလုပ်​တာလဲ"

"ပျင်းလို့မင်းဆီ ထွက်​လာတာ.."

Namjoon​ဘေးဘီကို​ဝေ့ဝဲ ကြည့်​လိုက်​ပြီး

"ကားမပါဘူးလား"

သူ့အ​မေးကို Seok Jinကဘာမှမ​ဖြေပဲ ရယ်​သည်​...သူတစ်​ဖက်​ထဲပုခုံးတင်​ထား​သော ​ကျောပိုးအိတ်​ကို ဘာမ​ပြောညာမ​ပြောလှမ်းဆွဲယူရင်းမှ..

Hey Bro!Where stories live. Discover now