9

5K 737 59
                                    

For Zawgyi

အချစ်??

တွယ်တာခြင်းလား မက်မောခြင်းလား..
မမြင်နိုင်တဲ့ ထိုအချစ်ဆိုတဲ့အရာက ထင်ယောင်ထင်မှား နဲ့ပုံရိပ်ယောင် သာသာတစ်ခုပဲလား...?

သူ Ji yoonအပေါ်ထားတဲ့စိတ်က အချစ်လား..
ထင်ယောင်ထင်မှား တွယ်တာမှုလား သူပြန်တွေးနေမိသည်...သူမမျက်နှာလေးအားမြင်လိုက်ရလျှင် ပူလောင်ပြင်းပြစွာခုန်တတ်လာသော ရင်ခုန်သံတွေကအချစ်ဟု ကောက်ချက်ချ၍နိုင်မည်လား...

Namjoon သက်ပြင်းငွေ့ငွေ့ကိုချလို်က်ရင်း လက်ထဲကရေးလက်စ သီချင်းစာသားတွေကိုရပ်တန့်လို်က်သည်... သူသည် ဂီတကိုလည်း မြတ်နိုးခုံမင်သူတစ်ယောက်လည်းဖြစ်သည်...

တိတ်တဆိတ်ရေးထားသော သီချင်းစာရွက်တွေ သူ့ဆီမှာတပုံတပင်ရှိသည်....

""Namjoon!သား အပြင်ထွက်ခဲ့အုံး "'

ဧည့်ခန်းမှအမေ့အသံက စီခနဲထွက်လာတာမို့ သူသီချင်းစာရွက်တွေကိုအမြန်စုသိမ်းရင်း အံဆွဲလေးထဲပစ်ထည့်ထားလို်က်ရသည်..အမေကသူ့အား ဒီလိုတွေလုပ်တာအားမပေးသဘောမတူသူတစ်ယောက်ဖြစ်သည်မို့...

.
.
""တည်သီးခြောက် ..မင်းဦးလေး အီဆန်ကထည့်ပေးလိုက်တာ"'

ကြည့်လိုက်တာနဲ့သွားရေယိုချင်ဖွယ်ရာ တည်သီးခြောက် ပန်းကန်လေးကို ထိုးပြရင်း အမေကမေးဆတ်ပြလို်က်သည်..Namjoonထိုင်ကာ ဇွန်းသေးလေးဖြင့်ဖဲ့ပြီး ချိုမြိန်မှုကိုခံစားလိုက်သည်..

""တကယ်ကောင်းတယ်..သားကြောင့်အမေတို့စားဖို့မကျန်ရင် ဒုက္ခ ပဲ"'

Namjoonရွှတ်နောက်နောက်လေးပြောကာစလို်က်တော့ ခပ်တည်တည်နှင့်သတင်းစာတစ်စောင်ဖတ်နေသော အဖေက...

""မင်းဦးလေးက အများကြီးပို့လိုက်တာ..ကြိုက်သလောက်သာစား"''

Namjoonရယ်ကျဲကျဲနှင့်ခေါင်းလေးညိမ့်ကာ တည်သီးကိုလှမ်းဖဲ့ရန်လက်လှမ်းလိုက်သည်...

**Seok Jinကတည်သီးခြောက်အရမ်းကြိုက်တာ**

ဖြတ်ကနဲဝင်လာသော အတွေးလှိုင်း၏ရိုက်ခတ်သံကြောင့် သူနာရီကိုတစ်ချက်ကြည့်မိတော့ 10နာရီကျော်ကျော်ပင်ရှိနေလေ၏...သေချာပေါက် seok jinကတော့အိပ်အုံးမည်မဟုတ်သေး...

Hey Bro!Tahanan ng mga kuwento. Tumuklas ngayon