18

5K 702 70
                                    

For Zawgyi

Ji yoonဆီကပြန်​လာ​ရင်း လမ်းထိပ်​က စတိုးဆိုင်​​လေး​တွင်​ စိတ်​​ပြေလက်​​ပျောက်​ ​ကော်​ဖီဗူး ​လေးဝ်ါကာ အချိန်​ဆွဲကာ​သောက်​​နေမိသည်​..

သူအချစ်​ကိုနားလည်​တတ်​စကတည်းက ​မျှော်​​ငေးခဲ့ရ​သော အချစ်​ဦး ၏ဝန်​ခံချက်​က ​ပျော်​စရာမ​ကောင်းတာဘာ​ကြောင့်​များလဲ..?

တစ်​ခါတည်း သူမကိုဆွဲဖက်​ပြီး ချစ်​စကားပြန်​​ပြောရမည့်​အစား ​ရှောင်​ထွက်​ခဲ့မိတာဘာလို့များလဲ...?

သူ့လုပ်​ရပ်​​တွေက ​နောင်​တရချင်​စရာ​တွေဖြစ်​​နေ​​တော့မည်​ထင်​သည်​...

ခဏမျှအချိန်​ဖြုန်းပြီး အိမ်​သို့ပြန်​အလာ လမ်းတွင်​ ရပ်​​စောင့်​​နေ​သော Seok jinကို​တွေ့လိုက်​ရသည်​..မှိန်​ပြပြမီးတိုင်​ကိုမှီပြီး သူ့ကို​ငေးကြည့်​​နေ​သော ထိုပုံရိပ်​​ကြောင့်​ စိတ်​ထဲတစ်​မျိုးပင်​ဖြစ်​သွားရသည်​....

Namjoonခပ်​သွက်​သွက်​ဖြင့်​ Seok jinရှိရာ​ပြေးသွားလိုက်​ကာ

"ဘာ ရပ်​လုပ်​​နေတာလဲ...မီးတိုင်​ကြီးမှီပြီး Dramaရိုက်​​နေတယ်​များထင်​​နေလား"

ပြော​ပြောဆိုဆို ညအိပ်​အကျီ်​ခပ်​ပါးပါး​လေး​ပေါ်က ခြုံထား​သော ​စောင်​အညိုကွက်​​သေး​သေး​လေးကို ဆွဲ​စေ့​ပေးလိုက်​မိသည်​.....

"ဘီယာ​သောက်​ချင်​တယ်​..Joon"

Namjoonလက်​သီးကိုမျက်​နှာနား​လေး​ဝေ့ပြလိုက်​ပြီး Seok jin​ကိုထိုးရန်​ဟန်​ပြလိုက်​သည်​...

Seok Jinကခပ်​ဟဟရယ်​ကာ ချက်​ချင်းပင်​မျက်​နှာပြန်​မဲ့သွားသည်​..ပုံစံကလိုချင်​တာမရ၍စိတ်​​ကောက်​သည့်​က​လေးငယ်​တစ်​​ယောက်​လို..

"တစ်​ဗူးထဲပါ..မနက်​လည်း​ကျောင်းနားတာပဲကို"

"စာကြည့်​ဖို့ နား​ပေးတာကွ..မင်းအရက်​နာကျဖို့မဟုတ်​ဘူး.."

"ဘီယာက မမူးပါဘူးကွာ..ကျစ်​"

တိတ်​ဆိတ်​​သော ရပ်​ကွက်​​လေးက သူတို့နှစ်​​ယောက်​ အငြင်းပွားသံဖြင့်​ ခဏဆူညံသွားသည်
Namjoonအသံကိုထိန်းကာ Seok Jinကိုလှမ်းဆွဲလိုက်​ပြီး...

Hey Bro!Where stories live. Discover now