31

4.7K 651 34
                                    

For Zawgyi

အပြာ​ရောင်​ လွင်​​တောက်​​နေသည့်​​ကောင်းကင်​က တိမ်​မျှင်​တစ်​စမျှမသီပဲရှင်းလင်း​နေသည်​..

ပိတ်​ရက်​ဖြစ်​၍ ခါတိုင်းထက်​ပို၍စည်​ကား​နေ​သော လမ်း​တွေကရှုပ်​​ထွေး​နေတာ​တော့အမှန်

Namjoonလက်​နှစ်​ဖက်​လုံးအထုတ်​များနှင့်​ပြည့်​​နေကာ မျက်​နှာမအီမသာနှင့်​လမ်း​လျှောက်​လာရသည်​...
အ​မေဝယ်​ခိုင်းလိုက်​​သော ပစ္စည်း ​တွေမို့ တစ်​ခုမှပင်​မချန်​ရဲ...
ထို့​နောက်​ ​သယ်​လာ​သော အိတ်​တစ်​ခုကို
အနီးနားရှိ ခုံတန်းလျား ​လေး​ပေါ်ပစ်​တင်​ကာ ဖုန်းကို စိတ်​မရှည်​စွာထုတ်​လိုက်​သည်​...

"​ဟေ့​ကောင်​ မလာ​သေးဘူးလား.."

"ငါ့များမင်း ဒရိုင်​ဘာမှတ်​​နေလား..​..
ရောက်​​နေပြီ လမ်းကူးခဲ့"

တစ်​ဖက်​ကလည်း အ​ကျောမခံ ​အော်​သံထွက်​လာပြီး​နောက်​ Namjoonမျက်​လုံး​တွေကလမ်းတစ်​ဖက်​တွင်​ရပ်​ထား​သော ကားအပြာ​ရောင်​​လေးဆီ ​ရောက်​သွားသည်​...
ထို့​နောက်​ အထုတ်​များဆွဲကာ
လမ်းတစ်​ဖက်​သို့.....
.
.
.
.
"အန်​တီကဘာချက်​မလို့တဲ့လဲ"

"ကင်​ချီသိပ်​မလို့"

အထုတ်​​တွေကို​နောက်​ခန်းထဲပစ်​ထည့်​ရင်း Seok Jinအ​မေးကိုသူ​ဖြေလိုက်​သည်​...

"ထမင်းစားပြီးမှပြန်​မယ်​"

အ​ရောင်​တစ်​လက်​လက်​မျက်​နှာနှင့်​မျက်​ခုံး​တွေကိုပင့်​ရင်းဆို​တော့ Namjoonပြုံးမိသည်​...
တစ်​ခါတစ်​​လေ ဒီလိုမျက်​နှာ​ပေး​လေးက ​သေ​လောက်​​အောင်​ချစ်​ဖို့​ကောင်းလွန်းတာကို​တော့ သူဝန်​ခံရမည်​...

မထိန်းချုပ်​နိုင်​တာ​ကြောင့်​ Seok Jin၏ပါးတစ်​ဖက်​ကိုလက်​က​ရောက်​သွားကာ ခပ်​ကြမ်းကြမ်းဆွဲညှစ်​လိုက်​သည်​....

"နာတယ်​ ငနာရ...ဖယ်​စမ်း"

"မဖယ်​ဘူးကွာ...လာခဲ့"

ဘေးတိုက်​မြင်​​နေရ​သော ချွန်​မြ​နေသည့်​နှာ​ခေါင်းကိုပါထပ်​တိုးဆွဲလိုက်​​တော့ ဆဲသံချိုချို​တွေက ကပ်​ရက်​သား ပါလာသည်​...
Namjoonသ​ဘောတကျပင်​လက်​ဖယ်​လိုက်​ကာ ထပ်​မစ​တော့ပဲ တစ်​ဖက်​သို့မျက်​နှာလွှဲလိုက်​၏...

Hey Bro!Where stories live. Discover now