28

4.5K 660 82
                                    

For Zawgyi

တစ်​​​ကျောင်းလုံးဆူညံစွာ အသက်​ဝင်​လျှက်​ရှိ​သောဒီ​နေ့က ​ကျောင်း၏အားကစားပွဲ​နေ့..

ပြေးခုန်​ပစ်​ ​ဘောလီ​ဘော မီတာ​ပေါင်းစုံအ​ပြေးပွဲများ ကို​တော့ မ​နေ့ကပင်​ကျင်းပခဲ့ပြီးဖြစ်​ကာ ယ​နေ့က​တော့ အားကစားပွဲ၏ အထွဋ်​အထိပ်​ ​ဘောလုံးပြိုင်​ပွဲပင်​ဖြစ်​သည်​...

အရင်​ကစားနည်းများတွင်​ ဒုတိယနှင့်​​လောက်​သာ ​ကျေနပ်​ခဲ့ရ၍ ဒီပွဲမှာ​တော့ သူတို့​မေဂျာကသာဗိုလ်​စွဲမှဖြစ်​မည်​ပင်​...

ပွဲမစမီနား​နေခန်းထဲတွင်​လည်း
အကုန်​စိတ်​လှုပ်​ရှား​နေကြသည်​...
Namjoonနားကြပ်​ကိုတပ်​ကာ
ခပ်​​အေး​အေးသီချင်းတစ်​ပုဒ်​ကို မျက်​လုံးမှိတ်​နား​ထောင်​​နေမိသည်​...

ခနအကြာသူ့ပါး​ပေါ်သို့​အေးခနဲ အထိအ​တွေ့တစ်​ခု​ကြောင့်​ မျက်​ခွံကိုပင့်​ကြည့်​လိုက်​​တော့
ရေခဲ​ငွေ့သီ​နေသည့်​​ရေသန့်​ဗူးတစ်​ဘူး...

Namjoonလက်​နှင့်​တွန်းဖယ်​လိုက်​ကာ
ဘာမှပြန်​မ​ပြောပဲ မျက်​လုံးပြန်​မှိတ်​လိုက်​သည်​...
သို့​သော်​ ထိုအခိုက်​အတန့်​​လေးတွင်​ပင်​ သူ့မျက်​နှာသို့​ရေခဲ​ရေ​တွေက ဖြန်းခနဲ ​ရောက်​ရှိလာ​လေ​တော့၏...

"Jin!​"

သူ​အော်​လိုက်​​တော့ တခြားသူ​တွေကပါအာရုံစိုက်​ကာလှည့်​ကြည့်​လာသည်​..ထို့​ကြောင့်​Namjoon​လေသံပြန်​ထိန်းကာ အသံတိတ်​နှုတ်​ခမ်းလှုပ်​ရုံမျှ ဆဲလိုက်​သည်​...

"မင်းလန်းသွား​အောင်​လို့ပါ.."

Namjoonတကယ်​စိတ်​တိုသွားတာ​ကြောင့်​ ဘာစကားမှမ​ပြော​တော့ပဲ တစ်​ဖက်​သို့မျက်​နှာလွှဲကာထိုင်​​နေလိုက်​သည်​....

"Joon..မင်းဖိနပ်​ကြိုး​ပြေ​နေတယ်​.."

ထိုစကားနှင့်​အတူ Seok Jinကသူ့​ရှေ့သို့ ထိုင်​ချလိုက်​သည်​..Namjoon မျက်​လုံးပြူးသွားကာ ​ခြေ​ထောက်​ကိုရုတ်​ရင်း..

"မလုပ်​..."

"ခွိ..ငါ့ဖိနပ်​ကြိုးငါချည်​​နေတာပါဟ"

Hey Bro!Where stories live. Discover now