37

4.2K 612 44
                                    


For Unicode

တောင်ပေါ်ဖြစ်၍ အအေးဓာတ်ကပိုကဲသလို
လေကလဲ တဟူးဟူးတိုက်သည်။

ညပိုးကောင်တို့၏ တစီစီအော်သံများနှင့်
မီးရောင်မှိန်မှိန်သစ်လုံးအိမ်လေးက
တစ်မျိုးတစ်ဖုံတော့လိုက်ဖက်လျှက်ရှိသည်။

ဘေးတွင်သစ်လုံးအိမ်ငယ်တစ်ချို့ရှိပါသော်လဲ မည်သူမျှလာရောက်ခြင်းမရှိသေး၍
တိတ်ဆိတ်ကာမီးရောင်မဲ့နေသည်။

"ရပြီ..ဟေ့ကောင် ဒီကိုလာ"

တော်တော်ကြာမှ မီးတောက်လာသော
မီးပုံကိုအောင်နိုင်သူလိုကြည့်ကာ သူ့အားNamjoonကလှမ်းခေါ်လိုက်သည်။

ကြယ်ရောင်မဲ့နေသောညဖြစ်သော်လဲ
မီးပုံငယ်ကြောင့်လခြမ်းကွေးမှာ အဖော်ရှိသွားပြီထင်၏။

Seok Jinမြက်ဖျာလေးပေါ်၀င်ထိုင်လိုက်ကာ အေးနေသောလက်တို့ကို မီးရောင်ဟပ်စေလိုက်၏။
ဘေးတွင်Namjoonဖျော်ပေးထားသော ကော်ဖီခွက်ငယ်တစ်ခွက်ရှိသည်။

"ဘယ်လိုလဲသဘောကျလား"

ထင်းတွေကိုမီးပုံထဲထိုးထည့်ရင်း
Namjoonကမေးလာသည်။
ပြုံးလဲ့လဲ့မျက်နှာက မီးရောင်နှင့်တောက်ပလျှက်..

"အေး‌အေးဆေးဆေးအပန်းဖြေချင်တဲ့သူတွေ အရမ်းကြိုက်ကြမှာပဲ..မင်းရှယ်ယာ၀င်မယ်ဆိုမမှားနိုင်ဘူး"

"ငါက မင်းတစ်ယောက်ထဲ အမြင်ကိုမေးနေတာ သဘောကျလားလို့"

Seok Jinကော်ဖီကို တစ်ကျိုက်မော့ကာ
ခဏမျှစဉ်းစားလိုက်ပြီး

"နည်းနည်းတော့ပျင်းစရာကောင်းတယ်ထင်တယ်..ငါ့အမြင်နော်"

Namjoonက လက်တွေကိုခါရင်း ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ထို့နောက် ဘေးရှိခုံလေးပေါ်မှ သစ်သီးပန်းကန်ကို ကမ်းပေးလာသည်။

"ကော်ဖီနဲ့အသီးတွဲစားရမယ်ပေါ့"

Seok Jinဟာသနှောရင်းပန်းကန်ကိုလှမ်းယူလိုက်သည်။

"Jin မင်းသိလား..
မင်းကကော်ဖီဆိုငါကသစ်သီးပဲ"

"ခွီးးဘာစကားကြီးလဲ"

အဆက်စပ်မရှိထပြောသောစကားကြောင့်
Seok Jinရယ်ကာမေးလိုက်သည်။

Hey Bro!Where stories live. Discover now