15

5.1K 714 77
                                    

For Zawgyi

စာရွက်​လှန်​သံ ​ဘောပင်​ချသံ သက်​ပြင်းတဟူးဟူးချသံ တို့ကလွဲ၍ စာသင်​ခန်း​လေးကတိတ်​ဆိတ်​လျှက်​ရှ်​​နေသည်​...

ညဘက်​ဖြစ်​တာ​ကြောင့်​ ငိုက်​မျဉ်း​နေသူတစ်​ချို့ကလည်းရှိ၏..
Jinပျင်းပျင်းရှိလာတာ​ကြောင့်​ ​ရှေ့ကNamjoonခုံကို​ခြေဖြင့်​လှမ်းတို့လိုက်​သည်​..

ပထမတစ်​ခါ..လှည့်​မကြည့်​​သေး..
ဒုတိယတစ်​ခါ..လှည့်​မကြည့်​​သေး..

တတိယတစ်​ခါ ခပ်​ကြမ်းကြမ်း​လေး ကန်​လိုက်​​တော့မှ မျက်​နှာမသာမယာနှင့်​ လှည့်​ကြည့်​လာသည်​..နဂိုက​မှေး​တေး​တေးမျက်​လုံး​တွေကလည်း အခု​တော့ပိတ်​ထားသည့်​အလား ပင်​..

"ငိုက်​​နေတာလား?"

Jinမျက်​နှာပိုးသတ်​ကာ​မေးလိုက်​​တော့
N​amjoonက​ခေါင်းညိမ့်​ပြသည်​..

"​ကျေးဇူးပဲ..မင်း​ကြောင့်​ငါနိုးသွားတာ"

"​ကျေးဇူးတင်​ရင်​ အ​အေးလိုက်​တိုက်​..ထကွာ"

သူအတင်းဆွဲ​ခေါ်​တော့ Namjoonက​တောင်​ကြည့်​​မြောက်​ကြည့်​လုပ်​ကာ ထလာ​လေ၏..

"​ရော့..အိပ်​ချင်​​ပြေ လီမွန်​အရသာ​သောက်​"

သူစက်​ထဲကအ​အေးဗူး​လေးထုတ်​​ပေးလို်​​က်​​တော့ Namjoonကတစ်​ရှိုက်​ထဲပင်​​မော့ချလိုက်​သည်​...ထို့​နောက်​ မျက်​နှာကိုလက်​နှင့်​ပွတ်​ကာ

"အား! ဘာလို့ဒီ​နေ့မှ အရမ်းအိပ်​ချင်​​နေလဲမသိဘူး"

စာ​မေးပွဲ ကာလဆို Namjoonပုံစံက ဒီအတိုင်းပဲ ဖြစ်​သည်​..အိပ်​ချိန်​အနည်းငယ်​သာအိပ်​တတ်​ကာ ငိုက်​သည်​ကိုလဲ မ​ကျေမနပ်​ဖြစ်​တတ်​သည်​.

"Joon !​ကျေးဇူးပြုပြီး ငါညည်းဖို့လဲ ထားပါအုံး..ဟုတ်​ပြီလား.."

သူရယ်​ကျဲကျဲ​ပြောလိုက်​​တော့ မှ သူ့ဘက်​သို့မျက်​နှာ​လှည့်​လာကာ..

"ဘာလဲ?စာ​တွေမရ​သေးဘူးလား"

"ငါရတယ်​လို့​ဖြေမှ ထူးဆန်း​နေမှာ​ပေါ့.."

သူ့စကားကြား​တော့ Namjoonကပြုံးလိုက်​သည်​..ထို့​နောက်​ အ​အေးဗူးခွံဖြင့်​ မနာ​အောင်​ နှဖူးထိပ်​သို့ အသာထုလိုက်​ရင်း..

Hey Bro!Where stories live. Discover now