27

4.6K 667 64
                                    

For Zawgyi

အားကစားပွဲ​ ကျင်းပရန်​နီးကပ်​လာသည်​နှင့်​သူတို့လည်းအလုပ်​​တွေအ​တော်​ရှုပ်​လာရသည်​..

မေဂျာအလိုက်​ ​ဘောလုံးပြိုင်​ပွဲအတွက်​ Namjoon​ရော သူပါ အသင်းထဲဝင်​လိုက်​ရ၏..

ည​နေပိုင်းတိုင်း ထရိန်​နင်​ဆင်းရကာ ​နောက်​ကျမှ ပြန်​လာရတာမို့ Namjoonကသူ့အိမ်​တွင်​သာလာ​နေ​တော့၏...
အတူသွားအတူပြန်​နှင့်​ ပင်​ပန်းတာ​တွေပင်​ ​မေ့​မေ့​ပျောက်​​ပျောက်​ဖြစ်​ရတာက​တော့အမှန်​...

"​ရော့...​ရေ​သောက်​အုံး"

မြက်​ခင်းပြင်​​ပေါ်​ခြေပစ်​လက်​ပစ်​ထိုင်​​နေသည့်​ သူ့ထံ​​Namjoonက​လျှောက်​လာရင်း ​ရေဘူးအားပစ်​​ပေးလိုက်​သည်​....
အ​အေးဓာတ်​စ ​နေပြီဖြစ်​​သော်​လည်း ​သွေးပူ​နေကြ၍ ​ချွေးများဖြင့်​ စိုရွှဲလျှက်​ရှိ​နေကြသည်​...

""ခန​နေ အုပ်​စုခွဲကစားပြီးရင်​ ပြီးပါပြီ"

မော​နေ​သောသူ့ပုံကို စိုးရိမ်​၍လားမသိ
Namjoonက​လေ​ပြေ​အေး​လေးဖြင့်​​ချွေးသိပ်​လာသည်​....ထို့အပြင်​ နှဖူး​ပေါ်အုပ်​ကျ​နေ​သော ​ဆံပင်​​တွေကိုလက်​ဖြင့်​သပ်​တင်​​ပေးရင်း
ဘယ်​ကယူလာမှန်းမသိ​သော ​​စီးကွင်း​လေးဖြင့်​ လှမ်းစီး​ပေးလိုက်​၏...

Seok Jin ​ခေါင်းထက်​မှ ထိုးထိုး​ထောင်​​ထောင်​ကြက်​​တောင်​စည်းကို သ​ဘောမကျစွာ ဖယ်​မည်​ပြု​တော့ Namjoonက ရယ်​ရင်း လက်​ကိုလှမ်းတားသည်​...

"မဖြုတ်​နဲ့...ချစ်​စရာ​ကောင်းတယ်​.."

"ငုံး ချစ်​စရာ​ကောင်း..."

မ​ကျေမလည်​​ပြောလိုက်​​ပေမဲ့ သူ့လက်​​တွေက ထိုဆံပင်​စုငယ်​ကို ဖယ်​ရှားဖို့အစီအစဉ်​မရှိ​တော့..​ရှေ့က သူ့အားကြည့်​ကာ ပြုံးစိစိဖြစ်​​နေ​သော Namjoonကိုကြည့်​ရင်း တစ်​ချက်​အ​တွေး​ပေါက်​လာတာမို့...

"Joon..စီးကွင်း ရှိ​သေးလား...?"

"တစ်​ခုရှိ​သေးတယ်​..."

Namjoonလက်​ဖဝါးထဲမှ အစိမ်း​ရောင်​သား​ရေကွင်း​လေးတစ်​ကွင်း ထွက်​လာ​တော့ သူ​ပျော်​ရွှင်​စွာ​ကောက်​ယူလိုက်​သည်​...
သူ့အကြံကိုရိပ်​စားမိသွား​သော Namjoonက​နောက်​ကိုဆုတ်​ရင်း...

Hey Bro!Where stories live. Discover now