Chapter (29)

1.2K 142 6
                                    

ဆေးခန်းကပြန်လာပြီးတော့ villaကိုမပြန်သေးဘဲ မြို့ရှောင်လမ်းဘက်ကိုသွားလိုက်သည်။ ထိုမှတစ်ဆင့် ကျီးကိုင်ရွာကိုသွားသည့် ကျီးကိုင်လမ်းပေါ်ကိုမောင်းနှင်လိုက်သည်။ နေဝင်ခါနီးအချိန်မို့ ကောင်းကင်ကလိမ္မော်ရောင်နှင့် ခရမ်းရောင်များရောယှက်ကာ လှချင်တိုင်းလှနေသည်။

ဒီလမ်းတွေက နေဝင်ချိန်မှာဆိုရင်ရော လှပါ့မလား။ သော်ကပန်းတွေအပြည့်ဖြစ်နေသည့်လမ်းဆီ ဆယ်လေးကိုတမင်ခေါ်လာခြင်းက လှပသောအမှတ်တရတွေ ချန်ရစ်ထားချင်၍ဖြစ်သည်။

သူပေးသောနာကျင်မှုက လှပသောပတ်ဝန်းကျင်ကြောင့် အနည်းငယ်လောက်ပဲဖြစ်ဖြစ် လျော့ပါးသက်သာစေလို၍သာ။


လမ်းတစ်လျှောက်မှာ သော်ကနွယ်ပင်တန်းကြီးက လှပစွာဖြစ်တည်နေသည်။ ရေတံခွန်လိုမျိုးအပေါ်ကနေ ကျဆင်းနေသည့်လိမ္မော်ရောင်ပန်းနွယ်တန်းသည် အစုအထွေးလိုက်ဖြင့် ဖြာကျလျက်ရှိသည်။ အုပ်အုပ်ဆိုင်းဆိုင်းလည်း ရှိလှသည်။ လှလွန်းပါသည်။

ထိုနေရာမှာကားကို ညင်သာစွာရပ်လိုက်သည်။

"ဒီမှာခဏဆင်းပြီး လမ်းလျှောက်ရအောင်"

ဆယ်လေးက နွေဦးစကားကို တစ်သဝေမတိမ်းနားထောင်သည်။ ကားပေါ်ကဆင်းလိုက်တော့မှ ရှုခင်းကပိုလှကြောင်း သိလိုက်ရသည်။

နေဝင်ချိန်တွေကလည်း အခုလိုလှတာပဲဆိုတာ နွေဦးသဘောပေါက်သွားသည်။

သူကအမြဲတမ်း နေထွက်ချိန်ကိုပဲ စောင့်မျှော်ခဲ့တာ။

အဆုံးသတ်တွေကလည်း လှပနေလို့တော်ပါသေးရဲ့။

"နေဝင်ချိန်ကလှတယ်နော်...ဟုတ်တယ်မလား"

ဆယ်လေးက သူ့စကားကိုခေါင်းညိတ်ထောက်ခံလာသည်။

"ဟုတ်တယ် လှတယ်"

နွေဦးကိုမျက်တောင်မခတ်တမ်းငေးနေကာ ထိုစကားကိုပြောလာသည်။ ထို့နောက် ဆယ်လေးကပြုံးပြီးအရှေ့ကို ပြန်လှည့်သွားသည်။

ဆယ်လေးက သူ့ရှေ့ကနေတည်ငြိမ်စွာပဲ လျှောက်လှမ်းနေသည်။

"ကိုကို ဒီနေ့နဲ့မနက်ဖြန်တော့ အပူအစပ်တွေနဲ့အစာမာတာတွေ ရှောင်ရမှာ...ညစာအတွက်ဘာစားချင်လဲဟင် ဆရာက ပိုးသတ်ဆေးတွေသောက်ဖို့ပေးလိုက်သေးတယ်"

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now